ထိုင္းမွာ ကားမီးေလာင္ၿပီး ျမန္မာႏိုင္ငံသား ကိုးဦး ေသဆံုး

0
849

ထိုင္းႏိုင္ငံ၊ ကမ္ဖန္ဖက္ ခ႐ိုင္မွာ ကားက လမ္းေဘး သစ္ပင္ကို ဝင္တိုက္ၿပီး မီးေလာင္လို႔ ျမန္မာႏိုင္ငံသား ကိုးဦး ေသဆံုးၿပီး ေျခာက္ဦး ဒဏ္ရာရရွိခဲ့ပါတယ္။

မေန႔က ေအာက္တိုဘာ ၂၁ ရက္ေန႔ မနက္ပိုင္းက ဖာဟြန္ ယိုထင္ လမ္းမႀကီးမွာ ျဖစ္ပြားခဲ့တာလို႔ ကယ္ဆယ္ေရးသမားေတြက ေျပာပါတယ္။ လမ္းေဘးက သစ္ပင္ကို ဝင္တိုက္ၿပီး မီးေလာင္ခဲ့ကာ ကားထဲက ျမန္မာႏိုင္ငံသား ကိုးဦးနဲ႔ ထိုင္းကားေမာင္းသမားတုိ႔ ေသဆံုးခဲ့ပါတယ္။

ကားဟာ တာ့ခ္ခ႐ိုင္ မဲေဆာက္ၿမိဳ႕ကို ဦးတည္သြားေနတာ ျဖစ္တယ္လို႔ ဒုရဲမွဴးႀကီး ဆြမ္ခ်ိဳင္းမြန္ကူးက ေျပာပါတယ္။ ကနဦးစစ္ေဆးမႈေတြအရ ကားဟာ မိုးသည္းထန္မႈေၾကာင့္ လမ္းေခ်ာ္ၿပီး သစ္ပင္ကို ဝင္တိုက္တာ ျဖစ္တယ္လို႔ ေတြ႔ရွိခဲ့ပါတယ္။ ေသဆံုးသူ၊ ဒဏ္ရာရသူ ျမန္မာႏိုင္ငံသားေတြနဲ႔ ထိုင္းယာဥ္ေမာင္းရဲ႕ အမည္ကိုေတာ့ ထုတ္ေဖာ္ေျပာဆိုျခင္း မရွိေသးပါဘူး။

၂၀၁၈ ခုႏွစ္အတြင္း မယ္ေဆာက္-ဘန္ေကာက္အေ၀းေျပးကားလမ္းမေပၚမွာ လုတုကားမေတာ္တဆမႈ ျဖစ္ပြားျခင္း ေၾကာင့္ ျမန္မာအလုပ္သမားေတြေသဆုံးမႈမွာ အခုအႀကိမ္အအပါအ၀င္ သံုးႀကိမ္ ေျမာက္ရွိခဲ့ၿပီျဖစ္ပါတယ္ ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ထိုင်းမှာ ကားမီးလောင်ပြီး မြန်မာနိုင်ငံသား ကိုးဦး သေဆုံး

ထိုင်းနိုင်ငံ၊ ကမ်ဖန်ဖက် ခရိုင်မှာ ကားက လမ်းဘေး သစ်ပင်ကို ဝင်တိုက်ပြီး မီးလောင်လို့ မြန်မာနိုင်ငံသား ကိုးဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မနေ့က အောက်တိုဘာ ၂၁ ရက်နေ့ မနက်ပိုင်းက ဖာဟွန် ယိုထင် လမ်းမကြီးမှာ ဖြစ်ပွားခဲ့တာလို့ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။ လမ်းဘေးက သစ်ပင်ကို ဝင်တိုက်ပြီး မီးလောင်ခဲ့ကာ ကားထဲက မြန်မာနိုင်ငံသား ကိုးဦးနဲ့ ထိုင်းကားမောင်းသမားတို့ သေဆုံးခဲ့ပါတယ်။

ကားဟာ တာ့ခ်ခရိုင် မဲဆောက်မြို့ကို ဦးတည်သွားနေတာ ဖြစ်တယ်လို့ ဒုရဲမှူးကြီး ဆွမ်ချိုင်းမွန်ကူးက ပြောပါတယ်။ ကနဦးစစ်ဆေးမှုတွေအရ ကားဟာ မိုးသည်းထန်မှုကြောင့် လမ်းချော်ပြီး သစ်ပင်ကို ဝင်တိုက်တာ ဖြစ်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ သေဆုံးသူ၊ ဒဏ်ရာရသူ မြန်မာနိုင်ငံသားတွေနဲ့ ထိုင်းယာဉ်မောင်းရဲ့ အမည်ကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။

၂၀၁၈ ခုနှစ်အတွင်း မယ်ဆောက်-ဘန်ကောက်အဝေးပြေးကားလမ်းမပေါ်မှာ လုတုကားမတော်တဆမှု ဖြစ်ပွားခြင်း ကြောင့် မြန်မာအလုပ်သမားတွေသေဆုံးမှုမှာ အခုအကြိမ်အအပါအဝင် သုံးကြိမ် မြောက်ရှိခဲ့ပြီဖြစ်ပါတယ် ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)