ကြားဖြတ်ရွေးကောက်ပွဲကို သံသယတွေနဲ့ စောင့်ကြည့်နေမယ်လို့ USDP ပြော

0
1031



လာမယ့် နိုဝင်ဘာလ (၃)ရက်နေ့မှာ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပမှာဖြစ်တာကြောင့် လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေက တိုင်းနဲ့ ပြည်နယ် အချို့မှာ မဲဆွယ်စည်းရုံးမှုတွေ စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။


>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကြားဖြတ်ရွေးကောက်ပွဲမှာ ကော်မရှင်ကို သံသယတွေနဲ့ စောင့်ကြည့်နေမယ်လို့ USDP ပြော

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေနဲ့ တရားမျှတတဲ့ရွေးကောက်ပွဲ ဖြစ်ဖို့ ရွေးကောက်ပွဲ ကော်မရှင်ကို သံသယတွေနဲ့ စောင့်ကြည့်သွားမှာဖြစ်တယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။

စက်တင်ဘာလ(၂၂)ရက်နေ့က ရန်ကုန်မြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးချုပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောဆိုခဲ့တာပါ။

လာမယ့် နိုဝင်ဘာလ (၃)ရက်နေ့မှာ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပမှာဖြစ်တာကြောင့် လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေက တိုုင်းနဲ့ ပြည်နယ် အချို့မှာ မဲဆွယ်စည်းရုံးမှုတွေ စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

လက်ရှိမှာ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာရှိပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေနဲ့ ၁၀ နေရာ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)