
0
1018




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သြဂုတ်လအတွက် ပြည်တွင်း၊ပြည်ပ အလုပ်အကိုင်ပေါင်း ၅သောင်းနီးပါးပေးနိုင်ခဲ့

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက နိုင်ငံအတွင်း ဖွံ့ဖြိုးတိုးတက်စေဖို့သာမက အလုပ်အကိုင်တွေ ရရှိစေနိုင်ဖို့ရည်ရွယ်ပြီး ပြီးခဲ့တဲ့ သြဂုတ်လအတွင်း ပြည်တွင်း၊ ပြည်ပ အလုပ်အကိုင်ပေါင်း ၅ သောင်းနီးပါး ရှာဖွေပေးနိုင်ခဲ့တာဖြစ်ပါတယ်။

အလုပ်သမားဝန်ကြီးဌာနအနေနဲ့ သြဂုတ်လအတွင်း ပြည်ပနိုင်ငံတွေကို ရွှေ့ပြောင်းလုပ်ကိုင်မှု လူဦးရေ ၂၄၁၅၇ ဦးနဲ့ ပြည်တွင်းအလုပ်အကိုင် နေရာပေါင်း ၂၄၁၉၀ ဦးတို့ကို အလုပ်အကိုင် ခန့်ထားပေးနိုင်ခဲ့ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

၂၀၁၈ ခုနှစ် ဩဂုတ်လအတွင်း ပြည်တွင်းအလုပ်အကိုင်အဖြစ် ပြည်ထောင်စုနယ်မြေ၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ် စတဲ့တိုင်းနဲ့ပြည်နယ် ၁၆ ခုကို အလုပ်အကိုင်ရှာဖွေပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)