
0
336



………………………. ။ ။ ………………………..

ဒုက္ခသည်တွေအတွက် လုံခြုံစိတ်ရတဲ့ ဇုန် တည်ထောင်ပေးဖို့ ဘင်္ဂလားဒေ့ရှ် တောင်းဆို

မွတ်စလင် ဒုက္ခသည်တွေ နေဖို့အတွက် ကုလသမဂ္ဂက ကြီးကြပ်တဲ့ လုံခြုံစိတ်ရတဲ့ဇုန်ကို မြန်မာနိုင်ငံဘက်မှာ တည်ဆောက်ပေးဖို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ခ် ဟာစီနာက တောင်းဆိုပါတယ်။

ဒီလူတွေ လုံခြုံစိတ်ချရစွာ မြန်မာပြည်ဘက်ကို ပြန်နိုင်ရမယ်လို့ ရှိတ်ခ် ဟာစီနာက ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မနေ့က စက်တင်ဘာ ၂၁ ရက်နေ့မှာ ပြောသွားတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ထဲကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည် ၄ သိန်း ၂ သောင်းရှိတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ မြန်မာ အာဏာပိုင်တွေနယ် နယ်စပ်မှာ မိုင်းတွေထောင်ထားတယ်လို့လည်း ဟာစီနာက စွပ်စွဲ ပြောဆိုသွားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)