
0
413



…………………………. ။ ။ ……………………….

အရှေ့တောင် အာရှကျောင်းသားတွေ ပညာသင်ဆု လျှောက်ထားနိုင်

အာဆီယံနိုင်ငံတွေအတွင်းနဲ့ ဥရောပ နိုင်ငံတွေမှာပါ ဘွဲ့ကြိုတန်း သွားရောက် သင်ကြားနိုင်မယ့် ပညာသင်ဆုတွေကို အရှေ့တောင် အာရှ ကျောင်းသားတွေ လျှောက်ထားနိုင်ပါပြီ။
ဥရောပ သမဂ္ဂ (EU) က ထောက်ပံ့ပေးထားတဲ့ အာဆီယံ ဒေသအတွက် အဆင့်မြင့် ပညာရေး (SHARE) က ပေးမယ့် အဲဒီပညာသင်ဆုတွေကို စက်တင်ဘာ ၁၃ ရက်ကနေ အောက်တိုဘာ ၁၁ ရက်အတွင်း လျှောက်လွှာတွေ တင်နိုင်ပြီ ဖြစ်ပါတယ်။ ပညာသင်ဆုမှာ ကျောင်းလခ၊ ဗီဇာကြေး၊ လေယာဉ်လက်မှတ်ဖိုးနဲ့ တခြားကုန်ကျစရိတ်တွေ ကာမိမှာ ဖြစ်ပါတယ်။

ပေးအပ်မယ့် ပညာသင်ဆုက ၁၇၅ ခု ဖြစ်ပါတယ်။ မနှစ်တုန်းကတော့ ပညာသင်ဆုရသူ ၁၇၁ ဦးရှိခဲ့ပြီး အာဆီယံနိုင်ငံတွင်းက တက္ကသိုလ် ၃၂ မှာ သွားရောက် သင်ကြားခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)