တိုင္း(မ္) မဂၢဇင္းရဲ႕ မ်က္ႏွာဖုုံးမွာ ရခုုိင္အေရးနဲ႔ ပတ္သက္ၿပီး “ရွက္ဖြယ္ျမန္မာ”လို႔ ေဖာ္ျပ

0
410

တိုင္း(မ္)မဂၢဇင္းရဲ႕ မ်က္ႏွာဖံုးမွာ ဘဂၤလားေဒ့ရွ္ ကမ္းေျခကို ေရာက္ရွိလာတဲ့ ႐ိုဟင္ဂ်ာ (မူရင္းအသံုးအႏႈန္းအတုိင္း) လို႔ နာမည္ေပးထားတဲ့ ဓာတ္ပံုနဲ႔အတူ “ရွက္ဖြယ္ျမန္မာ” လို႔ ေခါင္းစဥ္တပ္ၿပီး ဘဂၤါလီအက်ပ္အတည္း ကိစၥဟာ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ နာမည္ ထြန္းေျပာင္မႈကို ေမွးမွိန္ေစသလား ဆိုတဲ့ စာသားနဲ႔ ေဆာင္းပါးတစ္ပုဒ္ ေဖာ္ျပခဲ့ပါတယ္။

ဒီေဆာင္းပါးမွာ လူ႔အခြင့္အေရးေစာင့္ၾကည့္ေရးအဖြဲ႔ရဲ႕ အမႈေဆာင္ဒါရိုုက္တာ ကင္းန္နစ္ေရာ့ ရဲ႕ မွတ္ခ်က္ စကားျဖစ္တဲ့ “ေဒၚေအာင္ဆန္းစုုၾကည့္ရဲ႕ မိန္႔ခြန္းဟာ လူမ်ိဳတုုံးသတ္ျဖတ္မႈကုုိ ဖုုံးကြယ္ဖုုိ႔ႀကိဳးစားတဲ့ သကာေရလူး စကားေတြပါပဲ” ဆုုိတဲ့ မွတ္ခ်က္ကုုိလည္း ထည့္သြင္းေဖာ္ျပထားပါတယ္။

ဒီေဆာင္းပါမွာ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ဘဝတစ္စိတ္တစ္ပုိင္းကုိ ေဖာ္ျပထားတဲ့ အျပင္ ရခုိင္အေရးနဲ႔ ပက္သက္လုိ႔ ေဒၚေအာင္ဆန္းစုၾကည္ကို နုိင္ငံတကာကေန ေဝဖန္ထားတဲ့ မွတ္ခ်က္ေတြကုိလည္း အတူတကြ ေဖာ္ျပထားတာကုိ ေတြ႕ရပါတယ္။
……………………….. ။ ။ …………………………

Times မဂ္ဂဇင်းရဲ့ မျက်နှာဖုံးမှာ ရခိုင်အရေးနဲ့ ပတ်သက်ပြီး “ရှက်ဖွယ်မြန်မာ”လို့ ဖော်ပြ

အောက်တိုဘာလ ၂ ရက်နေ့က ဖြန့်ချိလိုက်တဲ့ တိုင်း(မ်)မဂ္ဂဇင်းရဲ့ မျက်နှာဖုံးမှာ ဘင်္ဂလားဒေ့ရှ် ကမ်းခြေကို ရောက်ရှိလာတဲ့ ရိုဟင်ဂျာ(မူရင်းအသုံးအတိုင်း)လို့ နာမည်ပေးထားတဲ့ ဓာတ်ပုံနဲ့အတူ “ရှက်ဖွယ်မြန်မာ” လို့ ခေါင်းစဉ်တပ်ပြီး ဘင်္ဂါလီအကျပ်အတည်းကိစ္စဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နာမည် ထွန်းပြောင်မှုကို မှေးမှိန်စေသလား ဆိုတဲ့ စာသားနဲ့ ဆောင်းပါးတစ်ပုဒ် ဖော်ပြခဲ့ပါတယ်။

ဒီဆောင်းပါးမှာ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ကင်းန်နစ် ရော့ ရဲ့ မှတ်ချက် စကားဖြစ်တဲ့ “ဒေါ်အောင်ဆန်းစုကြည့်ရဲ့ မိန့်ခွန်းဟာ လူမျိုတုံးသတ်ဖြတ်မှုကို ဖုံးကွယ်ဖို့ကြိုးစားတဲ့ သကာရေလူး စကားတွေပါပဲ” ဆိုတဲ့ မှတ်ချက်ကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။

ဒီဆောင်းပါမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝတစ်စိတ်တစ်ပိုင်းကို ဖော်ပြထားတဲ့ အပြင် ရခိုင်အရေးနဲ့ ပက်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာကနေ ဝေဖန်ထားတဲ့ မှတ်ချက်တွေကိုလည်း အတူတကွ ဖော်ပြထားတာကို တွေ့ရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)