ရခိုင္အေရး ႏိုင္ငံတကာအျမင္ ျပင္းထန္လို႔ ဂ်ပန္ဒု၀န္ၾကီး ေျပာ

0
378

လက္ရွိက်င္းပျပဳလုပ္ေနတဲ့ ကုလသမဂၢအစည္းအေဝးမွာ ရခိုင္ျဖစ္စဥ္နဲ႔ ပတ္သက္လို႔ ႏိုင္ငံတကာရဲ႕ အျမင္ဟာ အင္မတန္ျပင္းထန္လြန္းတယ္လို႔ ဂ်ပန္ႏိုင္ငံ၊ ႏုိင္ငံျခားေရး၀န္ႀကီးဌာန၊ ပါလီမန္ဆိုင္ရာ ဒုတိယ၀န္ႀကီး Mr. Iwao HORLL က ေျပာပါတယ္။

စက္တင္ဘာ ၂၁ ရက္က ေနျပည္ေတာ္မွာ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ် ထားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအးနဲ႔ ေတြ႔ဆံုတုန္း ဂ်ပန္ဒု၀န္ၾကီးက ေျပာခဲ့တာ ျဖစ္ပါတယ္။

ဂ်ပန္ႏိုင္ငံအေနနဲ႔ ရခိုင္အေရးမွာ ျမန္မာႏိုင္ငံနဲ႔အတူ ရပ္တည္ေဆာင္ရြက္သြားမွာ ျဖစ္ျပီး အေရးေပၚ အကူအညီအတြက္ အေမရိကန္ေဒၚလာ တသန္း ကူညီမယ္လို႔လည္း ေျပာခဲ့ပါတယ္။
ဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအးကလည္း အခုလိုခက္ခဲတဲ့ အေျခအေနမွာ ႏိုင္ငံတကာက မွန္ကန္စြာ ရပ္တည္မႈဟာ အေရးႀကီးတယ္၊

ရခိုင္ျပည္နယ္ဟာ ေဘးအၲရာယ္က်ေရာက္လြယ္တဲ့ ေဒသျဖစ္လို႔ ေဘးဒဏ္ခုခံ ႏိုင္ေရးလိုအပ္ၿပီး ျပန္လည္ထူေထာင္ေရးမွာ နည္းပညာ၊ ေငြေၾကးမ်ား လိုအပ္တယ္။
အခုလို အက်ပ္အတည္း ျဖစ္ခ်ိန္မွာ ျမန္မာႏိုင္ငံဘက္က ရပ္တည္ေပးတဲ့ ဂ်ပန္ႏိုင္ငံ အစိုးရကို ေက်းဇူးတင္တယ္လို႔ ျပန္လည္ ေျပာၾကားခဲ့ေၾကာင္း အစိုးရသတင္းမွာ ေဖာ္ျပပါတယ္။(USA)
…………………………. ။ ။ ………………………….

ရခိုင်အရေး နိုင်ငံတကာအမြင် ပြင်းထန်လို့ ဂျပန်ဒုဝန်ကြီး ပြော

လက်ရှိကျင်းပပြုလုပ်နေတဲ့ ကုလသမဂ္ဂအစည်းအဝေးမှာ ရခိုင်ဖြစ်စဉ်နဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ အမြင်ဟာ အင်မတန်ပြင်းထန်လွန်းတယ်လို့ ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပါလီမန်ဆိုင်ရာ ဒုတိယဝန်ကြီး Mr. Iwao HORLL က ပြောပါတယ်။

စက်တင်ဘာ ၂၁ ရက်က နေပြည်တော်မှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ တွေ့ဆုံတုန်း ဂျပန်ဒုဝန်ကြီးက ပြောခဲ့တာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံအနေနဲ့ ရခိုင်အရေးမှာ မြန်မာနိုင်ငံနဲ့အတူ ရပ်တည်ဆောင်ရွက်သွားမှာ ဖြစ်ပြီး အရေးပေါ် အကူအညီအတွက် အမေရိကန်ဒေါ်လာ တသန်း ကူညီမယ်လို့လည်း ပြောခဲ့ပါတယ်။
ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကလည်း အခုလိုခက်ခဲတဲ့ အခြေအနေမှာ နိုင်ငံတကာက မှန်ကန်စွာ ရပ်တည်မှုဟာ အရေးကြီးတယ်၊

ရခိုင်ပြည်နယ်ဟာ ဘေးအ္တရာယ်ကျရောက်လွယ်တဲ့ ဒေသဖြစ်လို့ ဘေးဒဏ်ခုခံ နိုင်ရေးလိုအပ်ပြီး ပြန်လည်ထူထောင်ရေးမှာ နည်းပညာ၊ ငွေကြေးများ လိုအပ်တယ်။
အခုလို အကျပ်အတည်း ဖြစ်ချိန်မှာ မြန်မာနိုင်ငံဘက်က ရပ်တည်ပေးတဲ့ ဂျပန်နိုင်ငံ အစိုးရကို ကျေးဇူးတင်တယ်လို့ ပြန်လည် ပြောကြားခဲ့ကြောင်း အစိုးရသတင်းမှာ ဖော်ပြပါတယ်။(USA)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)