ကလေးလွင်ပြင် ရေလွှမ်းမိုး

0
364

ကလေးလွင်ပြင် ရေလွှမ်းမိုးမှုအခြေအနေကို စစ်ကိုင်းတိုင်းဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်များ သွားရောက်ကြည့် ရှုစစ်ဆေးခဲ့ပြီး အကူအညီများ ပိုမိုပေးနိုင်ရေးအတွက် တိုင်ပင်ဆွေးနွေးဆုံးဖြတ်ခဲ့ကြတယ်လို့ တိုင်းအစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

လာအိုနိုင်ငံကို အဖျားခတ်ဝင်ရောက်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း Doksuri အရှိန်ကြောင့် ကလေး အထက်ပိုင်းမှာ မိုးများပြီး မြစ်သာမြစ်ရေမြင့်တက်မှုကြောင့် ရေကြီးခဲ့တာဖြစ်ပါတယ်။

တိုင်းအစိုးရကတော့ လိုအပ်တဲ့ အကူအညီများအမြန်ဆုံးပေးအပ်သွားမှာဖြစ်ပြီး ပျက်စီးမှုစာရင်းများ အမြန်ကောက်ယူပေးသွားမယ်လို့ ပြောဆိုထားပါတယ်။ ဒေသတွင်းသတင်းတွေအရ ရေဘေးသင့်နေသူပေါင်း ၅၀၀၀ ကျော်ရှိနေပါတယ်။(USA)
…………………. ။ ။ ……………………





COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)