ဘင်္ဂါလီ လေးသိန်းကျော် ထွက်ပြေးတာ မဖြစ်နိုင်လို့ အစိုးရ ပြော

0
341

ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးတဲ့ ဘင်္ဂါလီ  လေးသိန်းကျော်မရှိနိုင်ဘူးလို့ မြန်မာအစိုးရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောလိုက်ပါတယ်။



(USA)
………………….. ။ ။ ………………….

ဘင်္ဂါလီ ၄ဝဝဝဝဝ ကျော် ထွက်ပြေးတာ မဖြစ်နိုင်လို့ အစိုးရ ပြော

ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးတဲ့ ဘင်္ဂgလီ ၄ဝဝဝဝဝ ကျော်မရှိနိုင်ဘူးလို့ မြန်မာအစိုးရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောလိုက်ပါတယ်။
စက်တင်ဘာ ၂၁ ရက်က နေပြည်တော်မှာ ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပါလီမန်ဆိုင်ရာ ဒုတိယဝန်ကြီး Mr. Iwao HOR II နဲ့ တွေ့ဆုံတုန်း ဝန်ကြီးက ပြောခဲ့တာ ဖြစ်ပါတယ်။

” မြေပြင်လူဦးရေ စာရင်းဇယားအရ ၄၄ ရာခိုင် နှုန်း ထွက်ပြေးပြီး ၅၆ ရာခိုင်နှုန်း ကျန်ရှိပါကြောင်း၊ စုစုပေါင်း လူဦးရေ ခုနစ်သိန်းအနက် မှ ၄၄ ရာခိုင်နှုန်း ထွက်ပြေးခြင်းဖြစ်ရာ ၄ဝဝဝဝဝ ကျော်မရှိနိုင်ပါကြောင်း၊” ထွက်ပြေးသွားသူတွေကို ၁၉၉၃ ခုနှစ် ဘင်္ဂလားဒေ့ရှ် – မြန်မာသဘောတူညီချက်ပါ မူများအရ ပြန်လည်လက်ခံမယ်လို့လည်း ဝန်ကြီး က ပြောခဲ့ပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် ၁၉ ၉ ၃ သဘောတူညီချက်ထဲမှာ မြန်မာပြည်မှာနေခဲ့တဲ့ အထောက်အထား ခိုင်ခိုင်မာမာ တင်ပြနိုင်ရမယ်။ မြန်မာပြည်မှာ မွေးတဲ့ လူဖြစ်ကြောင်း အထောက်အထား ပြနိုင်ရမယ်။ မြန်မာနိုင်ငံကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ လူတွေမဖြစ်ရ၊ သူတို့ကိုယ်တိုင် မြန်မာပြည်ကို ပြန်လာချင်တဲ့ လူတွေဖြစ်ရမယ် စတဲ့ အချက်တွေ ပါဝင်ပါတယ်။(USA)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)