အာဏာပြန်သိမ်းဖို့ လုံးဝအစီအစဉ်မရှိဘူးလို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောပြီ

0
320


တပ်မတော်အနေနဲ့ အာဏာပြန်သိမ်းဖို့ လုံးဝအစီအစဉ်မရှိဘူးလို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
စက်တင်ဘာလ ၂၁ ရက်နေ့က နေပြည်တော်ရှိ ဘုရင်နောင်ဧည့်ရိပ်သာမှာ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) နဲ့အတူ သတင်းမီဒီယာအချို့နဲ့တွေဆုံစဉ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို သတင်းမီဒီယာတွေက မေးမြန်းစဉ် ပြောကြားလိုက်တာပါ။
ဒါအပြင် တပ်မတော်အနေနဲ့ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ပါတီစုံအထွေထွေ ရွေးကောက်ပွဲကို လွတ်လပ်သန့်ရှင်းပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲဖြစ်အောင် အတက်နိုင်ဆုံး ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။
ဒီသတင်းမီဒီယာတွေ့ဆုံပွဲမှာပဲ ကာကွယ်ရေးဦးစီးချုပ်က ကျင်းပဖို့ရှိနေတဲ့ ရွေးကောက်ပွဲမှာ တပ်ရင်း တပ်ခွဲတွေထဲက မဲရုံးတွေမှာ လေ့လာစောင့်ကြည့်သူတွေကို ပိတ်ပင်ထားတာမျိုးမရှိပဲ ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်က ခွင့်ပြုရင် ခွင့်ပြုပေးသွားမှာဖြစ်ပေမယ့် လေ့လာစောင့်ကြည့်သူတွေအနေနဲ့ ဥပဒေနဲ့ စည်းကမ်းတွေကို လေးစားလိုက်နာကြဖို့လိုလိမ့်မယ်လို့လည်း သတိပေးကြားလိုက်ပါတယ်။
စက်တင်ဘာလ ၂၁ ကာကွယ်ရေးဦးစီးချုပ်ရဲ့ သတင်းမီဒီယာတွေ့ဆုံပွဲကို မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) က အဖွဲ့ဝင်တွေနဲ့အတူ သတင်းမီဒီယာ (၁၅) ခုက သတင်းမီဒီယာသမားတွေ တက်ရောက် သတင်းယူခွင့်ရရှိခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)