ကြံ့ခိုင်ရေးပါတီ ၂၆ % နိုင်ရင် အစိုးရဖွဲ့မယ်ဆိုတဲ့ပြောဆိုချက် ပါတီသဘောထားမဟုတ်ဟုဆို

0
361

လာမယ့်ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီက ၂၆ % ရာခိုင်နှုန်းနဲ့နိုင်ရင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ % ရာခိုင်နှုန်းပေါင်း ၅၁ % ရာခိုင်နှုန်းနဲ့ အစိုးရအဖွဲ့ ဖွဲ့စည်းမယ်ဆိုတဲ့ ပြောဆို ချက်ဟာ ပါတီရဲ့ သဘောထားမဟုတ်ဘူးလို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ သြဂုတ်လ ၂၂ ရက်နေ့က နေပြည်တော်ရှိ ပါတီဌာနချုပ်မှာကျင်းပပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပါတီရဲ့အထွေအတွင်းရေးမှူး ဖြစ်လာတဲ့ ဦးတင်နိုင်သိန်းက MCN (မြန်မာကေဘယ်ရုပ်သံသတင်းဌာန) ရဲ့ မေးခွန်းကို ဖြေကြားစဉ်မှာ ပြောကြားလိုက်တာဖြစ်ပါတယ်။  အပြည့်အစုံကို ရုပ်သံသတင်းပေးပို့ချက်မှာ တွေ့မြင်ကြရမှာဖြစ်ပါတယ်။

 

 

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)