COVID-19 ကပ်ရောဂါကြောင့် မဲပေးသူ လျော့နည်းသွားခြင်း မရှိအောင် ဆောင်ရွက်မယ်

0
241

အခုကျင်းပမယ့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ပြည်သူလူထုအနေနဲ့ နိုင်ငံသား အခွင့်အရေးတွေကို ပိုင်ပိုင်နိုင်နိုင် အသုံးချပြီး ဆန္ဒမဲပေးတဲ့ ရာခိုင်နှုန်းမြင့်မားစေဖို့နဲ့ COVID-19 ကပ်ရောဂါကြောင့် လျော့နည်းသွားခြင်း မရှိအောင် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာ သန္တာလွင်က ပြောပါတယ်။

အခုအခါ မြန်မာနိုင်ငံအနေနဲ့ COVID-19 ကပ်ရောဂါ ဖြစ်ပွားနေချိန်ဖြစ်လို့ မဲဆန္ဒ ရှင်ပြည်သူတွေအနေနဲ့ ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိနဲ့ မိမိကိုယ်ကို ရောဂါကူး စက်ခြင်းမရှိအောင် ကာကွယ်ရင်း အားလုံးမဲပေးနိုင်အောင် ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း၊ လက်ရှိအခြေအနေအရ COVID-19 ရောဂါပိုးရှိသူတွေဟာ အများအားဖြင့် ပြည်ပနိုင်ငံတွေက ပြန်လည်ရောက်ရှိလာတဲ့သူတွေမှာ သာအများဆုံးတွေ့ရှိရကြောင်း၊ COVID-19 ရောဂါ လက္ခဏာ တစုံတရာ မပြသူတွေမှာလည်း ရောဂါပိုးတွေ့ရှိရပြီး အခုတွေ့ရှိထားတဲ့ လူနာတွေရဲ့ ထက်ဝက်ကျော်ရှိကြောင်း ဒေါက်တာ သန္တာလွင်က ပြောပါတယ်။

မဲဆန္ဒရှင်ပြည်သူတွေ ဆန္ဒမဲပေးရာမှာ ကိုဗစ်-၁၉ ရောဂါကူး စက်မှုတားဆီး နိုင်ဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ မှတ်တမ်းတင်ဗီဒီယိုတွေ ပူးပေါင်းရိုက်ကူးပြီး ကျန်းမာရေး အသိပညာပေး လုပ်ငန်းတွေကို မီဒီယာတွေကတဆင့် ကျယ်ကျယ်ပြန့်ပြန့် အသိပေးဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ မဲစာရင်းကပ်တဲ့ နေရာတွေကို နေရာတိုးချဲ့ဆောင်ရွက်ခြင်း၊ မဲစာရင်းကပ်တဲ့ နေရာတွေမှာ social distancing မူတွေနဲ့အညီ ဆောင်ရွက်ဖို့ ရွေးကောက်ပွဲကော်မရှင်ကို အကြံပြုထားကြောင်းလည်း ဒေါက်တာ သန္တာလွင်က ပြောပါတယ်။

Social distancing အနေနဲ့ တစ်ဦးနဲ့တစ်ဦး (၆)ပေခြား တန်းစီပြီး မဲပေးနိုင်ဖို့ စီစဉ်ခြင်း၊ မဲရုံဝင်ပေါက်မှာ အဖျား ရှိ၊ မရှိ အပူချိန် တိုင်းတာစစ်ဆေးခြင်း၊ ဖျားခြင်း၊ ချောင်းဆိုး ခြင်းနဲ့နှာချေခြင်း ရောဂါလက္ခဏာ ရှိနေသူတွေကို မဲရုံအတွင်းဝင်ရောက် မဲပေးနိုင်ဖို့ ဖျားနေတဲ့သူကို မျက်နှာအကာ (face shield) တပ်ပြီး သီးသန့်စောင့်ဆိုင်း ဦးစားပေး မဲပေးနိုင်ဖို့ စီစဉ်ခြင်း၊ ကိုယ်ပိုင်ဘောလ်ပင်များ အသုံးပြုစေခြင်း၊ မဲရုံအတွင်း လက်သန့် ဆေးရည်များလုံ လောက်စွာ ထားရှိခြင်း စတာတွေကို စီစဉ်ဆောင်ရွက်သွားနိုင်ဖို့လည်း အကြံပြုထားပါတယ်။

မှနမှာနိုငငှံမှာ ပါတီစုံဒီမိုကရစေီ အထှထှေေ ရှေးကောကပှှဲကို လာမယ့ှ နိုဝငဘှာလမှာ ကငှှးပမယလှို့ ပှညထှောငစှု ရှေးကောကပှှဲ ကောမှရှငကှ ကှညောထားပါတယှ။

___________________

ဓာတပွုံ – MOI

___________________

COVID-19 ကပရွောဂါကှောငွ့ မဲပေးသူ လှော့နညွးသှားခှငွး မရှိအောငွ ဆောငရွှကမွယွ

အခုကျင်းပမယ့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ပြည်သူလူထုအနေနဲ့ နိုင်ငံသား အခွင့်အရေးတွေကို ပိုင်ပိုင်နိုင်နိုင် အသုံးချပြီး ဆန္ဒမဲပေးတဲ့ ရာခိုင်နှုန်းမြင့်မားစေဖို့နဲ့ COVID-19 ကပ်ရောဂါကြောင့် လျော့နည်းသွားခြင်း မရှိအောင် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာ သန္တာလွင်က ပြောပါတယ်။

အခုအခါ မြန်မာနိုင်ငံအနေနဲ့ COVID-19 ကပ်ရောဂါ ဖြစ်ပွားနေချိန်ဖြစ်လို့ မဲဆန္ဒ ရှင်ပြည်သူတွေအနေနဲ့ ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိနဲ့ မိမိကိုယ်ကို ရောဂါကူး စက်ခြင်းမရှိအောင် ကာကွယ်ရင်း အားလုံးမဲပေးနိုင်အောင် ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း၊ လက်ရှိအခြေအနေအရ COVID-19 ရောဂါပိုးရှိသူတွေဟာ အများအားဖြင့် ပြည်ပနိုင်ငံတွေက ပြန်လည်ရောက်ရှိလာတဲ့သူတွေမှာ သာအများဆုံးတွေ့ရှိရကြောင်း၊ COVID-19 ရောဂါ လက္ခဏာ တစုံတရာ မပြသူတွေမှာလည်း ရောဂါပိုးတွေ့ရှိရပြီး အခုတွေ့ရှိထားတဲ့ လူနာတွေရဲ့ ထက်ဝက်ကျော်ရှိကြောင်း ဒေါက်တာ သန္တာလွင်က ပြောပါတယ်။

မဲဆန္ဒရှင်ပြည်သူတွေ ဆန္ဒမဲပေးရာမှာ ကိုဗစ်-၁၉ ရောဂါကူး စက်မှုတားဆီး နိုင်ဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ မှတ်တမ်းတင်ဗီဒီယိုတွေ ပူးပေါင်းရိုက်ကူးပြီး ကျန်းမာရေး အသိပညာပေး လုပ်ငန်းတွေကို မီဒီယာတွေကတဆင့် ကျယ်ကျယ်ပြန့်ပြန့် အသိပေးဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ မဲစာရင်းကပ်တဲ့ နေရာတွေကို နေရာတိုးချဲ့ဆောင်ရွက်ခြင်း၊ မဲစာရင်းကပ်တဲ့ နေရာတွေမှာ social distancing မူတွေနဲ့အညီ ဆောင်ရွက်ဖို့ ရွေးကောက်ပွဲကော်မရှင်ကို အကြံပြုထားကြောင်းလည်း ဒေါက်တာ သန္တာလွင်က ပြောပါတယ်။

Social distancing အနေနဲ့ တစ်ဦးနဲ့တစ်ဦး (၆)ပေခြား တန်းစီပြီး မဲပေးနိုင်ဖို့ စီစဉ်ခြင်း၊ မဲရုံဝင်ပေါက်မှာ အဖျား ရှိ၊ မရှိ အပူချိန် တိုင်းတာစစ်ဆေးခြင်း၊ ဖျားခြင်း၊ ချောင်းဆိုး ခြင်းနဲ့နှာချေခြင်း ရောဂါလက္ခဏာ ရှိနေသူတွေကို မဲရုံအတွင်းဝင်ရောက် မဲပေးနိုင်ဖို့ ဖျားနေတဲ့သူကို မျက်နှာအကာ (face shield) တပ်ပြီး သီးသန့်စောင့်ဆိုင်း ဦးစားပေး မဲပေးနိုင်ဖို့ စီစဉ်ခြင်း၊ ကိုယ်ပိုင်ဘောလ်ပင်များ အသုံးပြုစေခြင်း၊ မဲရုံအတွင်း လက်သန့် ဆေးရည်များလုံ လောက်စွာ ထားရှိခြင်း စတာတွေကို စီစဉ်ဆောင်ရွက်သွားနိုင်ဖို့လည်း အကြံပြုထားပါတယ်။

မြန်မာနိုင်ငံမှာ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားပါတယ်။

https://www.mcntv.biz/wp-content/uploads/2020/08/Gads12-09.jpg (Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)