ပလက်ဝကိုWFP ရဲ့ အရေးပေါ် အကူအညီသစ်တွေ ရောက်ရှိ

0
115

ချင်းပြည်နယ်ရှိ ပဋိပက္ခဖြစ်ပွားရာ ဝေးလံတဲ့ ပလက်ဝမြို့ကို အရေးပေါ် စားနပ်ရိက္ခာနဲ့ အဟာရ အထောက်အပံ့ ၁၆၅ တန်ကို အခု သီတင်းပတ်အတွင်း ပေးပို့လိုက်တယ်လို့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) က ကြေညာပါတယ်။

ချင်းပြည်နယ် တာဝန်ရှိသူတွေရဲ့ ကူညီမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ကျေးဇူးတင်ကြောင်း၊ လုံခြုံရေး အန္တရာယ်များပြီး လမ်းပန်းဆက်သွယ်ရေး မကောင်းပေမယ့် အကူအညီတွေကို အောင်မြင်စွာ ရောက်ရှိအောင် ပလက်ဝကို နောက်တစ်ခေါက် ပို့ပေးနိုင်ပြီဖြစ်ကြောင်း ဇူလိုင်လ ၂၁ ရက် နေ့စွဲနဲ့ ထုတ်ပြန်ချက်မှာ WFP ရဲ့ ဌာနေ ဒါရိုက်တာ စတီဖင် အန်ဒါဆင်က ပြောပါတယ်။

အခု အကူအညီတွေထဲမှာ ဆန်၊ ပဲမျိုးစုံ၊ ဆီ၊ ဆားနဲ့ အသင့်စား စားစရာတွေ ပါဝင်ပြီး စစ်ဘေးရှောင် ၄၀၀၀ အတွက် လေးလစာ ဖူလုံနိုင်မှာ ဖြစ်ပါတယ်။ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ အတွက်လည်း အာဟာရ ပြည့်ဝတဲ့ အစားအစာတွေလည်း ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။

အရင်တစ်ခေါက် ပလက်ဝကို WFP က ထောက်ပံ့ပေးခဲ့တာ ပြီးခဲ့တဲ့ မေလထဲမှာ ဖြစ်ပါတယ်။ ဇွန်လအတွင်းကလည်း ချင်းပြည်နယ်၊ ဆမီးမြို့ရှိ စစ်ဘေးရှောင်တွေ အတွက်လည်း လေးလစာ စားနပ်ရိက္ခာတွေ WFP က ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

ရခိုငပြှညနြယမြှာအပှငြ ခငွြးပှညနြယြ၊ ပလကဝြမှာလညြး တပမြတောနြဲ့ AA ရခိုငလြကနြကကြိုငြ အဖှဲ့တို့ တိုကပြှဲတှေ ဖှဈပှားနလေို့ စဈဘေးရှောငတြှေ အခကအြခဲ ကှုံတှေ့နရတော ဖှဈပါတယြ။

_________________

_________________

ပလကျဝကို WFP ရဲ့ အရေးပေါျ အကူအညီသဈတှေ ရောကျရှိ

ချင်းပြည်နယ်ရှိ ပဋိပက္ခဖြစ်ပွားရာ ဝေးလံတဲ့ ပလက်ဝမြို့ကို အရေးပေါ် စားနပ်ရိက္ခာနဲ့ အဟာရ အထောက်အပံ့ ၁၆၅ တန်ကို အခု သီတင်းပတ်အတွင်း ပေးပို့လိုက်တယ်လို့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) က ကြေညာပါတယ်။

ချင်းပြည်နယ် တာဝန်ရှိသူတွေရဲ့ ကူညီမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ကျေးဇူးတင်ကြောင်း၊ လုံခြုံရေး အန္တရာယ်များပြီး လမ်းပန်းဆက်သွယ်ရေး မကောင်းပေမယ့် အကူအညီတွေကို အောင်မြင်စွာ ရောက်ရှိအောင် ပလက်ဝကို နောက်တစ်ခေါက် ပို့ပေးနိုင်ပြီဖြစ်ကြောင်း ဇူလိုင်လ ၂၁ ရက် နေ့စွဲနဲ့ ထုတ်ပြန်ချက်မှာ WFP ရဲ့ ဌာနေ ဒါရိုက်တာ စတီဖင် အန်ဒါဆင်က ပြောပါတယ်။

အခု အကူအညီတွေထဲမှာ ဆန်၊ ပဲမျိုးစုံ၊ ဆီ၊ ဆားနဲ့ အသင့်စား စားစရာတွေ ပါဝင်ပြီး စစ်ဘေးရှောင် ၄၀၀၀ အတွက် လေးလစာ ဖူလုံနိုင်မှာ ဖြစ်ပါတယ်။ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ အတွက်လည်း အာဟာရ ပြည့်ဝတဲ့ အစားအစာတွေလည်း ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။

အရင်တစ်ခေါက် ပလက်ဝကို WFP က ထောက်ပံ့ပေးခဲ့တာ ပြီးခဲ့တဲ့ မေလထဲမှာ ဖြစ်ပါတယ်။ ဇွန်လအတွင်းကလည်း ချင်းပြည်နယ်၊ ဆမီးမြို့ရှိ စစ်ဘေးရှောင်တွေ အတွက်လည်း လေးလစာ စားနပ်ရိက္ခာတွေ WFP က ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာအပြင် ချင်းပြည်နယ်၊ ပလက်ဝမှာလည်း တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင် အဖွဲ့တို့ တိုက်ပွဲတွေ ဖြစ်ပွားနေလို့ စစ်ဘေးရှောင်တွေ အခက်အခဲ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

https://www.mcntv.biz/wp-content/uploads/2020/08/Gads12-09.jpg (Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)