YBS ၇၅ ယာဉ်လိုင်းပေါ်မှာ ခါးပိုက်နှိုက်မှု ကျူးလွန်သူ သုံးဦးကို ဖမ်းဆီးရမိ

0
769

ဗဟန်းမြို့နယ်အတွင်း ပြေးဆွဲနေတဲ့ YBS ၇၅ ယာဉ်လိုင်းပေါ်မှာ ခါးပိုက်နှိုက်မှု ကျူးလွန်သူ သုံးဦးကို ဖမ်းဆီးရမိတယ်လို့ ဇွန်လ ၂၂ ရက်နေ့မှာ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ အုပ်ချုပ်မှုဌာနခွဲမှ တပ်ဖွဲ့ဝင်တွေဟာ ခါးပိုက်နှိုက် ဖမ်းဆီးရမိရေးအတွက် ရန်ကုန်မြို့အတွင်း ပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်းတွေနဲ့ YBS ကားမှတ်တိုင်တွေမှာ အသွင်ယူ စုံစမ်းခဲ့ရာ ဗဟန်းမြို့နယ်၊ အနောက်ရွှေဂုံတိုင်ရပ်ကွက်၊ အနောက်ရွှေဂုံတိုင်လမ်း၊ အုတ်လမ်း ကားမှတ်တိုင်မှာ YBS-75 ယာဉ်ပေါ်မှ ဆင်းလာတဲ့ ခါးပိုက်နှိုက်သတင်းရှိသူ မျိုးမင်းနိုင် (ခ) တရုတ်ကြီး၊ သားညီ (ခ) သားငယ် နဲ့ ရွှေတိုး တို့ သုံးဦးကို တွေ့ရှိစစ်ဆေးခဲ့ပါတယ်။

သူတို့လက်အတွင်းကိုင်ဆောင်ထားတဲ့ SAMSUNG Tablet အမျိုးအစား ဖုန်း တစ်လုံးနဲ့ HUAWEI အမျိုးအစား ဖုန်း ၁ လုံးတို့ကို ယာဉ်ပေါ်ပါ အသက် ၃၀ နှစ်ခန့်ရှိ အမျိုးသားတစ်ဦးရဲ့ ကျောပိုးအိတ် အတွင်းက လူကာပြီး နှိုက်ယူခဲ့တာဖြစ်တယ်လို့ စစ်ဆေးပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

စဈဆေးပေါပြေါကခြကွအြရ အမှုမှ သကသြခေံပဈစညြး လကကြိုငဖြုနြးတှကေို ပှနလြညြ သိမြးဆညြးရရှိပှီးဖှဈလို့ ဖုနြးခိုးမှု ကွူးလှနသြူ မွိုးမငြးနိုငြ (ခ) တရုတကြှီးပါ သုံးဦးကို ဥပဒနေဲ့အညီ အမှနြ တရားစှဲတငပြို့နိုငရြေး ဆောငရြှကနြတယေလြို့ သတငြးထုတပြှနထြားပါတယြ။

_________________

_________________

YBS ၇၅ ယာဉျလိုငျးပေါျမှာ ခါးပိုကျနှိုကျမှု ကြူးလှနျသူ သုံးဦးကို ဖမျးဆီးရမိ

ဗဟန်းမြို့နယ်အတွင်း ပြေးဆွဲနေတဲ့ YBS ၇၅ ယာဉ်လိုင်းပေါ်မှာ ခါးပိုက်နှိုက်မှု ကျူးလွန်သူ သုံးဦးကို ဖမ်းဆီးရမိတယ်လို့ ဇွန်လ ၂၂ ရက်နေ့မှာ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ အုပ်ချုပ်မှုဌာနခွဲမှ တပ်ဖွဲ့ဝင်တွေဟာ ခါးပိုက်နှိုက် ဖမ်းဆီးရမိရေးအတွက် ရန်ကုန်မြို့အတွင်း ပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်းတွေနဲ့ YBS ကားမှတ်တိုင်တွေမှာ အသွင်ယူ စုံစမ်းခဲ့ရာ ဗဟန်းမြို့နယ်၊ အနောက်ရွှေဂုံတိုင်ရပ်ကွက်၊ အနောက်ရွှေဂုံတိုင်လမ်း၊ အုတ်လမ်း ကားမှတ်တိုင်မှာ YBS-75 ယာဉ်ပေါ်မှ ဆင်းလာတဲ့ ခါးပိုက်နှိုက်သတင်းရှိသူ မျိုးမင်းနိုင် (ခ) တရုတ်ကြီး၊ သားညီ (ခ) သားငယ် နဲ့ ရွှေတိုး တို့ သုံးဦးကို တွေ့ရှိစစ်ဆေးခဲ့ပါတယ်။

သူတို့လက်အတွင်းကိုင်ဆောင်ထားတဲ့ SAMSUNG Tablet အမျိုးအစား ဖုန်း တစ်လုံးနဲ့ HUAWEI အမျိုးအစား ဖုန်း ၁ လုံးတို့ကို ယာဉ်ပေါ်ပါ အသက် ၃၀ နှစ်ခန့်ရှိ အမျိုးသားတစ်ဦးရဲ့ ကျောပိုးအိတ် အတွင်းက လူကာပြီး နှိုက်ယူခဲ့တာဖြစ်တယ်လို့ စစ်ဆေးပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

စစ်ဆေးပေါ်ပေါက်ချက်အရ အမှုမှ သက်သေခံပစ္စည်း လက်ကိုင်ဖုန်းတွေကို ပြန်လည် သိမ်းဆည်းရရှိပြီးဖြစ်လို့ ဖုန်းခိုးမှု ကျူးလွန်သူ မျိုးမင်းနိုင် (ခ) တရုတ်ကြီးပါ သုံးဦးကို ဥပဒေနဲ့အညီ အမြန် တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)