သနန္တန ဓမ္မပါလက (ဟိန္ဒူ) အဖွဲ့ချုပ်က ကြီးမှူးပြီး (၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ယောဂနေ့ အခမ်းအနား ကျင်းပ

0
468

သနန္တန ဓမ္မပါလက (ဟိန္ဒူ) အဖွဲ့ချုပ်က ကြီးမှူးပြီး (၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ယောဂနေ့ အခမ်းအနားကို ဇွန်လ ၂၁ ရက်နေ့က Online Zoom Cloud Meeting နဲ့ SDSS Myanmar Facebook Page လူမှုကွန်ရက်မှတစ်ဆင့် တိုက်ရိုက် ထုတ်လွှင့် ကျင်းပခဲ့ပါတယ်။

အခမ်းအနားမှာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းက Zoom Cloud Meeting မှတစ်ဆင့် ပြောကြားခဲ့ပါတယ်။ ဒုတိယဝန်ကြီး ဦးကြည်မင်းက အခုအခါမှာ ပထမ ကိုဗစ်လှိုင်းကို ကျော်လွှားနိုင်ခဲ့ပြီဖြစ်ကြောင်း၊ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီရဲ့ ထုတ်ပြန်ချက်တွေ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့ စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာပြီး အပြည်ပြည်ဆိုင်ရာယောဂနေ့ အခမ်းအနားတွေ၊ အစည်းအဝေးတွေကို Zoom Cloud Meeting နဲ့ ကျင်းပဆောင်ရွက်ခြင်းဟာ ကောင်းမွန်တဲ့ အစီအစဉ်ဖြစ်ကြောင်း၊ (၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ယောဂနေ့အတွက် သတ်မှတ်ထားတဲ့ ဆောင်ပုဒ်မှာ “Yoga at Home and Yoga with Family” ဖြစ်လို့ မိသားစုနဲ့အတူ ယောဂလေ့ကျင့်ခန်းကို ဆောင်ရွက်ခြင်းလို့ အဓိပ္ပာယ် သက်ရောက်စေတာကြောင့် ယနေ့ကာလနဲ့လည်း အလွန်မှသင့်မြတ်တဲ့ ဆောင်ပုဒ် တစ်ခုဖြစ်ကြောင်းကို ဂုဏ်ပြုပြောကြားလိုပါကြောင်း ပြောခဲ့ပါတယ်။


___________________

___________________


သနန္တန ဓမ္မပါလက (ဟိန္ဒူ) အဖွဲ့ချုပ်က ကြီးမှူးပြီး (၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ယောဂနေ့ အခမ်းအနားကို ဇွန်လ ၂၁ ရက်နေ့က Online Zoom Cloud Meeting နဲ့ SDSS Myanmar Facebook Page လူမှုကွန်ရက်မှတစ်ဆင့် တိုက်ရိုက် ထုတ်လွှင့် ကျင်းပခဲ့ပါတယ်။

အခမ်းအနားမှာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းက Zoom Cloud Meeting မှတစ်ဆင့် ပြောကြားခဲ့ပါတယ်။ ဒုတိယဝန်ကြီး ဦးကြည်မင်းက အခုအခါမှာ ပထမ ကိုဗစ်လှိုင်းကို ကျော်လွှားနိုင်ခဲ့ပြီဖြစ်ကြောင်း၊ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီရဲ့ ထုတ်ပြန်ချက်တွေ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့ စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာပြီး အပြည်ပြည်ဆိုင်ရာယောဂနေ့ အခမ်းအနားတွေ၊ အစည်းအဝေးတွေကို Zoom Cloud Meeting နဲ့ ကျင်းပဆောင်ရွက်ခြင်းဟာ ကောင်းမွန်တဲ့ အစီအစဉ်ဖြစ်ကြောင်း၊ (၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ယောဂနေ့အတွက် သတ်မှတ်ထားတဲ့ ဆောင်ပုဒ်မှာ  “Yoga at Home and Yoga with Family” ဖြစ်လို့ မိသားစုနဲ့အတူ ယောဂလေ့ကျင့်ခန်းကို ဆောင်ရွက်ခြင်းလို့ အဓိပ္ပာယ် သက်ရောက်စေတာကြောင့် ယနေ့ကာလနဲ့လည်း အလွန်မှသင့်မြတ်တဲ့ ဆောင်ပုဒ် တစ်ခုဖြစ်ကြောင်းကို ဂုဏ်ပြုပြောကြားလိုပါကြောင်း ပြောခဲ့ပါတယ်။

ဒုတိယအပိုင်း အစီအစဉ်မှာ မင်္ဂလာဆီမီးထွန်းညှိခြင်း၊ အမြိုက်ဝစန ဖတ်ကြားခြင်း၊ သနန္တန ဓမ္မပါလက (ဟိန္ဒူ) အဖွဲ့ချုပ် ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားခြင်း၊ ဆူ(ရ်)ယ နမ(စ်)ကာ(ရ်) ရက်သတ္တပတ် အကြောင်း အစီရင်ခံတင်ပြခြင်း၊ ယောဂ သရုပ် ပြသခြင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကြည်မင်းက အမှာစကားပြောကြားခြင်း၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးက အမှာစကားပြောကြားခြင်း၊ သနန္တန ဓမ္မပါလက (ဟိန္ဒူ) အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခြင်း၊ ငါးပါးသီလနဲ့ ပတ္ထနာ ရွတ်ဆိုခြင်းတို့ကို ပြုလုပ်ခဲ့ပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)