ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ အင်တာနက် ပိတ်ထားတာ ၁ နှစ်ပြည့်၊ ပြန်ဖွင့်ပေးဖို့ IFJ တောင်းဆို

0
313

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ရှိ မြို့နယ်တချို့မှာ အင်တာနက် ပိတ်ပင်ထားတာ ၁ နှစ်ပြည့်ပြီဖြစ်ပြီး အခုလို COVID-19 ကပ်ရောဂါ ကာလမှာ သတင်းအချက်အလက် မရရှိနိုင်တဲ့အတွက် အင်တာနက် ပြန်ဖွင့်ပေးဖို့ သတင်းလွတ်လပ်ခွင့် အဖွဲ့ ၁၀၀ ကျော်နဲ့အတူ နိုင်ငံတကာ ဂျာနယ်လစ်များ ဖက်ဒရေးရှင်း (IFJ) ကလည်း တောင်းဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ် ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံမြို့တွေနဲ့ ချင်းပြည်နယ် ပလက်ဝဒေသတို့မှာ အင်တာနက် ဖြတ်တောက်ထားတာဟာ ဇွန်လ ၂၁ ရက်နေ့ဆိုရင် တစ်နှစ်ပြည့်ပြီ ဖြစ်ပါတယ်။

အစက AA ရခိုင်လက်နက်ကိုင် အဖွဲ့နဲ့ တပ်မတော်တို့ တိုက်ပွဲတွေ ဖြစ်နေတဲ့ မြို့နယ် ကိုးမြို့နယ်မှာ အင်တာနက် ပိတ်ပင်မှုကို စတင် ပြုလုပ်ဖို့ မိုဘိုင်း အော်ပရေတာတွေကို သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက ညွှန်ကြားခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့မှာ ပိတ်ခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ်၊ မေလ ၂ ရက်နေ့မှာတော့ မောင်တောမြို့နယ်ကို အင်တာနက် ပြန်ဖွင့်ခွင့် ပေးခဲ့ပါတယ်။

အင်တာနက် ပိတ်ပင်မှုကြောင့် ရခိုင်ပြည်နယ်ရှိ လူ ၁ သန်းကျော်ရဲ့ အရပ်ဖက် လုံခြုံရေး၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ သတင်းအချက်အလက် ရယူခွင့်၊ ဖွဲ့စည်းခွင့်နဲ့ စုဝေးခွင့်တွေကို ခြိမ်းခြောက်ခံနေရတယ်လို့ ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောပါတယ်။

တပမြတောနြဲ့ AA ရခိုငတြပဖြှဲ့တှကှေား တိုကပြှဲတှေ လွှော့ခနွိုငဖြို့ အငတြာနကြ ပိတထြားဖို့လညြး လိုအပတြယလြို့ အစိုးရက ပှောထားပါတယြ။

________________

________________


ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ရှိ မြို့နယ်တချို့မှာ အင်တာနက် ပိတ်ပင်ထားတာ ၁ နှစ်ပြည့်ပြီဖြစ်ပြီး အခုလို COVID-19 ကပ်ရောဂါ ကာလမှာ သတင်းအချက်အလက် မရရှိနိုင်တဲ့အတွက် အင်တာနက် ပြန်ဖွင့်ပေးဖို့ သတင်းလွတ်လပ်ခွင့် အဖွဲ့ ၁၀၀ ကျော်နဲ့အတူ နိုင်ငံတကာ ဂျာနယ်လစ်များ ဖက်ဒရေးရှင်း (IFJ) ကလည်း တောင်းဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ် ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံမြို့တွေနဲ့ ချင်းပြည်နယ် ပလက်ဝဒေသတို့မှာ အင်တာနက် ဖြတ်တောက်ထားတာဟာ ဇွန်လ ၂၁ ရက်နေ့ဆိုရင် တစ်နှစ်ပြည့်ပြီ ဖြစ်ပါတယ်။ 

အစက AA ရခိုင်လက်နက်ကိုင် အဖွဲ့နဲ့ တပ်မတော်တို့ တိုက်ပွဲတွေ ဖြစ်နေတဲ့ မြို့နယ် ကိုးမြို့နယ်မှာ အင်တာနက် ပိတ်ပင်မှုကို စတင် ပြုလုပ်ဖို့ မိုဘိုင်း အော်ပရေတာတွေကို သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက ညွှန်ကြားခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့မှာ ပိတ်ခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ်၊ မေလ ၂ ရက်နေ့မှာတော့ မောင်တောမြို့နယ်ကို အင်တာနက် ပြန်ဖွင့်ခွင့် ပေးခဲ့ပါတယ်။

အင်တာနက် ပိတ်ပင်မှုကြောင့် ရခိုင်ပြည်နယ်ရှိ လူ ၁ သန်းကျော်ရဲ့ အရပ်ဖက် လုံခြုံရေး၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ သတင်းအချက်အလက် ရယူခွင့်၊ ဖွဲ့စည်းခွင့်နဲ့ စုဝေးခွင့်တွေကို ခြိမ်းခြောက်ခံနေရတယ်လို့ ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောပါတယ်။

တပ်မတော်နဲ့ AA ရခိုင်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ လျှော့ချနိုင်ဖို့ အင်တာနက် ပိတ်ထားဖို့လည်း လိုအပ်တယ်လို့ အစိုးရက ပြောထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)