မင်္ဂလာတောင်ညွန့် မြို့နယ်မှာ လူဦးရေ ၃၀၀၀ ကျော်ကို ကျန်းမာရေးစစ်တမ်း ကောက်ယူ

0
212

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖို့မြေရပ်ကွက် ၁၀၁ လမ်းမှာ နေထိုင်သူ ၃၃၀၀ ကို COVID-19 ရောဂါနဲ့ ပတ်သက်ပြီး မေလ ၂၂ ရက် ဒီကနေ့မှာ ကျန်းမာရေးစစ်တမ်း ကောက်ယူခဲ့ပါတယ်။

ကျန်းမာရေးစစ်တမ်း ကောက်ယူရာမှာ ပိုးတွေ့လူနာတွေနဲ့ အနီးကပ်ထိတွေ့မှု ရှိ၊ မရှိ၊ ပွဲလမ်းသဘင်တွေ၊ လူစုလူဝေးတွေ သွားရောက်ဖူးတာ ရှိ၊ မရှိ၊ ခရီးသွားရာဇဝင် ရှိ၊ မရှိ ရှာဖွေနိုင်ဖို့နဲ့ COVID-19 ရောဂါ လက္ခဏာ တွေဖြစ်တဲ့ ဖျားတာ၊ ချောင်းဆိုးတာ၊ အသက်ရှုရခက်တာ၊ အနံ့အရသာပျောက်တာ အစရှိတဲ့ လက္ခဏာတွေ ရှိ၊ မရှိ မေးမြန်းတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့တာပါ။

အဲ့ဒီလို စစ်ဆေးရာမှာ ကျန်းမာရေးဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေ၊ ရပ်မိရပ်ဖတွေနဲ့ ရန်ကုန်တိုင်းအစိုးရ အဖွဲ့က တာဝန်ရှိသူတွေ ပူးပေါင်း ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်၊ လှိုင်သာယာနဲ့ တာမွေမြို့နယ်တွေမှာလည်း COVID-19 ရောဂါနဲ့ပတ်သက်ပြီး ကျန်းမာရေးစစ်တမ်း ကောက်ယူထားပြီး ဖြစ်ပါတယ်။

________________

https://www.mcntv.biz/wp-content/uploads/2020/08/Gads12-09.jpg (Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)