အမျိုးသမီးတစ်ဦးအား တရုတ်နိုင်ငံဆီ ရောင်းစားခဲ့သူတွေကို အလုပ်နဲ့ထောင်ဒဏ် ၁၀ နှစ်ချမှတ်

0
455

မြန်မာအမျိုးသမီးတစ်ဦးအား တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့သူတွေကို လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေအရ အလုပ်နဲ့ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်တယ်လို့ လူကုန်ကူးမှု တားဆီကာကွယ်ရေး ရဲတပ်ဖွဲ့က ပြောပါတယ်။

ဖြစ်စဉ်မှာ ရှမ်းပြည်နယ် လားရှိုးမြို့နယ် ခိုက်တွေကျေးရွာနေ မအေးနေ (ဘ) ဦးပူကျောင်းနဲ့ မအေးလွတ် (ခ) မအေးခို (ခ) မယ်အိုက်ဆင်း (ဘ) ဦးပေါ်အိုက်ဖက်တို့ဟာ မိုင်းရယ်မြို့နယ်၊ မိုက်ဟုန်းကျေးရွာနေ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးကို တရုတ်နိုင်ငံအတွင်းမှာရှိတဲ့ စျေးဆိုင်တွေမှာ သွားရောက် အလုပ်လုပ်ကိုင်ပါက တစ်လကို ကျပ် ၁၅၀၀၀၀ ရမယ်လို့ လိမ်လည်စည်းရုံးခဲ့ပါတယ်။

အဲဒီနောက် တရုတ်နိုင်ငံ၊ မိန်တိန်းမြို့ရှိ တရုတ်အမျိုးသား တစ်ဦးထံ ယွမ် ၄၀၀၀ ကျပ်နဲ့ ရောင်းစားခဲ့ပြီး အကျိုးအမြတ်ရယူခဲ့လို့ မိုင်းရယ်မြို့မ ရဲစခန်းက (ပ) ၂၈/၂၀၁၉ လူကုန်ကူးမှု တားဆီးကာကွယ်ရေး၊ ဥပဒေပုဒ်မ ၂၄/၃၂ နဲ့ အမှုဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

မအေးနေနဲ့ မအေးလွတ် တို့ကို လားရှိုးခရိုင် တရားရုံးကနေ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပေဒပုဒ်မ ၂၄/၃၂ အရ အလုပ်နဲ့ထောင်ဒဏ် ၁၀ နှစ်စီ ကျခံစေဖို့ အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

________________

________________

အမျိုးသမီးတစ်ဦးအား တရုတ်နိုင်ငံဆီ ရောင်းစားခဲ့သူတွေကို အလုပ်နဲ့ထောင်ဒဏ် ၁၀ နှစ်ချမှတ်

မြန်မာအမျိုးသမီးတစ်ဦးအား တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့သူတွေကို လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေအရ အလုပ်နဲ့ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်တယ်လို့ လူကုန်ကူးမှု တားဆီကာကွယ်ရေး ရဲတပ်ဖွဲ့က ပြောပါတယ်။

ဖြစ်စဉ်မှာ ရှမ်းပြည်နယ် လားရှိုးမြို့နယ် ခိုက်တွေကျေးရွာနေ မအေးနေ (ဘ) ဦးပူကျောင်းနဲ့ မအေးလွတ် (ခ) မအေးခို (ခ) မယ်အိုက်ဆင်း (ဘ) ဦးပေါ်အိုက်ဖက်တို့ဟာ မိုင်းရယ်မြို့နယ်၊ မိုက်ဟုန်းကျေးရွာနေ အသက် ၂၅  နှစ်အရွယ် အမျိုးသမီးကို တရုတ်နိုင်ငံအတွင်းမှာရှိတဲ့ ဈေးဆိုင်တွေမှာ သွားရောက် အလုပ်လုပ်ကိုင်ပါက တစ်လကို ကျပ် ၁၅၀၀၀၀ ရမယ်လို့ လိမ်လည်စည်းရုံးခဲ့ပါတယ်။ 

အဲဒီနောက် တရုတ်နိုင်ငံ၊ မိန်တိန်းမြို့ရှိ တရုတ်အမျိုးသား တစ်ဦးထံ ယွမ် ၄၀၀၀ ကျပ်နဲ့ ရောင်းစားခဲ့ပြီး အကျိုးအမြတ်ရယူခဲ့လို့ မိုင်းရယ်မြို့မ ရဲစခန်းက (ပ) ၂၈/၂၀၁၉ လူကုန်ကူးမှု တားဆီးကာကွယ်ရေး၊ ဥပဒေပုဒ်မ ၂၄/၃၂ နဲ့ အမှုဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

မအေးနေနဲ့ မအေးလွတ် တို့ကို လားရှိုးခရိုင် တရားရုံးကနေ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပေဒပုဒ်မ ၂၄/၃၂ အရ အလုပ်နဲ့ထောင်ဒဏ် ၁၀ နှစ်စီ ကျခံစေဖို့ အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)