ကျန်းမာရေး ဝန်ထမ်းတွေကို တပ်မတော်က တန်ဖိုးသင့် ထမင်းဟင်းတွေ ရောင်းချပေး

0
159

ကျန်းမာရေးဝန်ထမ်းတွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ဒေသခံ ပြည်သူတွေကို အသား၊ ငါး၊ ဟင်းသီးဟင်းရွက်တွေ နဲ့အတူ တန်းဖိုးသင့် ထမင်းဟင်းတွေကို ရောင်းချပေးနေတယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ကာလအတွင်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေ၊ ကျန်းမာရေး ဝန်ထမ်းတွေ၊ ဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့ ဒေသခံပြည်သူတွေ စားရေးအထောက်အကူ ဖြစ်စေဖို့အတွက် နယ်မြေခံ တပ်မတော်သားတွေရဲ့ တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းမှ ထွက်ရှိလာတဲ့ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်တွေ၊ ကြက်ဥ၊ ဘဲဥ၊ နွားနို့တွေ၊ တပ်မတော်ထုတ် စားသောက်ကုန်ပစ္စည်းတွေနဲ့ တန်ဖိုးသင့် ထမင်းနဲ့ဟင်းတွေကို ပြင်ပပေါက်ဈေးထက် သက်သာတဲ့ ဈေးနှုန်းတွေနဲ့ ရောင်းချပေးနေတာ ဖြစ်ပါတယ်။

အဲ့ဒီလို ရောင်းချပေးရာမှာ မေလ ၂၁ ရက်နေ့က နေပြည်တော်တိုင်း စစ်ဌာနချုပ်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နဲ့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တို့ရှိ မြို့နယ်အသီးသီးတို့မှာ နယ်မြေခံ တပ်မတော်သားတွေက ရောင်းချပေးနေတာ ဖြစ်ပါတယ်။

_______________

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)