တရားမဝင်သစ်လုပ်ငန်း လုပ်ကိုင်နေသူတွေကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းမိ

0
162

ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ်အတွင်း တရားမဝင် သစ်လုပ်ငန်း ဆောင်ရွက်နေသူတွေကို လက်နက်ခဲယမ်းတွေနဲ့ ဖမ်းဆီးရမိတယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

မေလ ၂၁ ရက်နေ့က လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တွေဟာ ကျိုင်ခမ်းကျေးရွာ၊ မြောက်ဘက် ၁၀ မိုင်အကွာမှာ တရားမဝင် သစ်လုပ်ငန်း တွေဆောင်ရွက်နေတဲ့ ဦးကျော်မင်း (ဘ) ဦးသိန်း အပါအဝင် အမျိုးသား ၁၆ ဦးကို ခြောက်လုံးပြူးသေနတ် ၁ လက်၊ ကျည်ဆန် ၆ တောင့်၊ မော်တော်ယာဉ် ၂ စီး၊ တရားမဝင် သစ်မျိူးစုံ ၄ တန် အပါအဝင် ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိပါတယ်။

ဖမ်းဆီးရမိတဲ့ ပစ္စည်းတွေနဲ့ ဖမ်းဆီးရမိသူတွေကို ရပ်စောက်မြို့နယ် သစ်တောဦးစီးဌာနကို စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။

________________

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)