NLD နာယက ဦးတင်ဦး အခြေအနေ သိသာစွာ တိုးတက်

0
298

သွေးကြောပိတ် လေဖြတ်မှု ၅ ရက်မြောက်နေ့မှာ NLD နာယက ဦးတင်ဦးရဲ့ အခြေအနေဟာ ရောက်ရှိတုန်းက အချိန်ထက် သိသာတဲ့ တိုးတက်မှု ရှိတယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံအုပ်ကြီးက ဒီနေ့ မတ်လ ၂၂ ရက်နေ့ ညနေမှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

ဦးတင်ဦးဟာ လက်ယာဘက်ခြမ်း မလှုပ်နိုင်ခြင်း၊ စကားပီသစွာ မပြောနိုင်ခြင်းတွေ ရှိနေသေးပေမယ့် သတိကောင်းကြောင်း၊ နှလုံးခုန်နှုန်း တည်ငြိမ်ပြီး နှလုံလှုပ်ရှားမှု ပုံမှန်ဖြစ်ကြောင်း၊ သွေးခုန်နှုန်း သွေးပေါင်ချိန် အသက်ရှုနှုန်းတို့ ပုံမှန်ရှိကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အထူးကု ဆရာဝန်ကြီးတွေ ပါဝင်တဲ့ ဆေးဝါးကုသရေး ကော်မတီကို ဆရာဝန်ကြီး ၁၅ ဦးနဲ့ ဖွဲ့စည်းပြီး လိုအပ်တဲ့ ဆေးကုသမှုတွေ လုပ်ဆောင်ပေးနေပါတယ်။ ဦးတင်ဦးဟာ အသက် ၉၁ နှစ် ရှိနေပြီဖြစ်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကုသမှု ခံယူနေရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)