မြန်မာ့စိုက်ပျိုးရေး ကဏ္ဍအတွက် တရုတ်က ယွမ် သန်း ၅၀၀ ကူညီမယ်

0
307

မြန်မာနိုင်ငံ လယ်ယာစိုက်ပျိုးေ၇း ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးနဲ့ နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်အရ တရုတ်နိုင်ငံက ယွမ် သန်း ၅၀၀ (အမေရိကန် ဒေါ်လာ ၇၂ သန်းခွဲကျော်) အကူအညီ ပေးမှာ ဖြစ်ပါတယ်။

ရပ်ဝန်းနှင့် ပိုးလမ်းမ (Belt and Road) ဖိုရမ်ကာလအတွင်း မြန်မာနဲ့ တရုတ်အကြား ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ သဘောတူညီချက်နဲ့ နားလည်မှု စာချွန်လွှာ ၅ ခုအနက် အခု သဘောတူညီချက်လည်း အပါအဝင် ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်ပပို့ကုန်တွေထဲမှာ စိုက်ပျိုးရေးကဏ္ဍက ထွက်ကုန်တွေက အများဆုံး ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)