မင်္ဂလာတောင်ညွန့် ပဋိပက္ခ တရားစွဲဆိုခံရသူတွေကို ရုံးချိန်း ထပ်မံခေါ်ယူ

0
273

မင်္ဂလာတောင်ညွန့်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး တရားစွဲဆိုခံရသူတွေကို ဇွန်လ ၂ ရက်နေ့မှာ ထပ်မံရုံးချိန်းခေါ်ယူမှာ
ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဆူပူမှုမှာ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ လူ (၅) ဦး ၊ ရဟန်း (၂)ပါး အနက် လူပုဂ္ဂိုလ် (၅) ဦး တို့ကို မေလ ၂၂ ရက်နေ့က မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

လွတ်မြောက်နေတဲ့ တရားစွဲဆိုခံထားရသူ (၃) ဦးအနက် မြတ်ဘုန်းမိုရ်ကတော့ မေလ ၂၂ ရက်နေ့က လာရောက် အဖမ်းခဲ့ပါတယ်။ ကျန်တဲ့ သံဃာတော် ဦးသူစိတ္တ နဲ့ ဦးပညာဝံသ တို့ နှစ်ပါးကိုတော့ ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။

မင်္ဂလာတောင်ညွန့် ဆူပူမှုဖြစ်စဉ်မှာ လူ (၅) ဦး နဲ့ ရဟန်း (၂) ပါးကို ပုဒ်မ ၅၀၅(ဂ)/၃၄ နဲ့ အရေးယူပေးဖို့ မေလ ၁၁ ရက်နေ့က မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးမှာ လျှောက်ထားခဲ့တာဖြစ်ပါတယ်။

အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး တရားစွဲဆိုခံထားရသူတွေကို ဇွန်လ ၂ ရက်နေ့ကို ထပ်မံချိန်းဆိုထားတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)