မျက်စိ တိမ်စွဲတဲ့ မြန်မာ လူနာ ၂၀၀ ကို တရုတ်ဆရာဝန်တွေ အခမဲ့ ခွဲစိတ်ကုသပေး

0
338

မျက်စိ တိမ်စွဲနေတဲ့ မြန်မာ လူနာ ၂၀၀ ခန့်ကို တရုတ်ဆရာဝန်အဖွဲ့က အခမဲ့ ခွဲစိတ်ကုသပေးခဲ့လို့ မကြာမီ ရှင်းလင်းစွာ ပြန်မြင်နိုင်တော့မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ မျက်စိတိမ်စွဲတဲ့ ရောဂါစွဲကပ်သူ ၃ သိန်းခန့် ရှိပါတယ်။ တရုတ်နိုင်ငံရှိ အိုင်ယာ မျက်စိဆေးရုံ အုပ်စုက မစ္စတာ ပင် ဇီကန် ဦးဆောင်တဲ့ ဆရာဝန်အဖွဲ့က အခမဲ့ ကုသပေးခဲ့ကြတာ ဖြစ်ပါတယ်။

ရပ်ဝန်းနှင့် ပိုးလမ်းမ (Belt and Road) ဆိုင်ရာ ကနဦး အကောင်အထည် ဖော်မှုအရ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ရုတ်အစိုးရတို့ ပူးပေါင်းပြီး ပင်လယ်ရပ်ခြား ချစ်ကြည်ရေး အလင်းရောင် လှုပ်ရှားမှု (The Loving Overseas Chinese-Brightness Action) အဖြစ် ဒီလို အခမဲ့ ခွဲစိတ် ကုသပေးတာ ဖြစ်ပါတယ်။

ရပ်ဝန်းနှင့် ပိုးလမ်းမ (Belt and Road) စီမံကိန်းအဖြစ် တရုတ်နိုင်ငံက အာရှ၊ အာဖရိက၊ အရှေ့အလယ်ပိုင်းနဲ့ ဥရောပက နိုင်ငံ ၆၀ ကျော်နဲ့ စီးပွားရေး၊ ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေးတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)