ကျောင်းကား ဘတ်စ် အစီး ၂၀၀ တောင်ကိုရီးယားက ပေးပို့မယ်

0
310

ကျောင်းကားအဖြစ် အသုံးပြုဖို့ တောင်ကိုရီးယားထုတ် ဘတ်စ်ကား အစီး ၂၀၀ ကို ရန်ကုန်သို့ ပေးပို့မှာ ဖြစ်တယ်လို့ တောင်ကိုရီးယား ကုန်သွယ်မှု မြှင့်တင်ရေး အေဂျင်ဆီက ဒီကနေ့ မေလ ၂၂ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

ကိုရီးယား ကုန်သွယ်-ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး အေဂျင်စီရဲ့ အဆိုအရ ရန်ကုန်တိုင်းအစိုးရနဲ့ ကိုရီးယားက ကိုထရာ (Kotra) ကုမ္ပဏီတို့ သဘောတူညီချက်အရ ရှေ့လမှာ ဟွန်ဒိုင် မော်တာ ကုမ္ပဏီထုတ် ၂၉ ယောက်စီး ဘတ်စ်ကား အသစ် အစီး ၂၀၀ ကို သင်္ဘောနဲ့ ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။

ဒီလို ကားတင်ပို့မယ့် သဘောတူညီချက်ဟာ မြန်မာနိုင်ငံနဲ့ တောင်ကိုရီးယားရဲ့ ပထမဆုံး အစိုးရချင်း စာချုပ် ချုပ်ဆိုမှု ဖြစ်ပြီး ပေါ်စကို ဒေဝူး အင်တာနေရှင်နယ် ကုမ္ပဏီကလည်း ဒေသခံ အဖြစ် ပူးပေါင်း ဆောင်ရွက်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)