ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင် ၂၄၃ အနီး ခရီးသည်တင်ကားချင်း ယဉ်တိုက်မှုဖြစ်ပွား

0
295

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး ပျော်ဘွယ်မြို့နယ် ပေပင်လေးအမြန်လမ်းမကြီး ရဲစခန်းအပိုင်မိုင်တိုင် အမှတ် ၂၄၃/၄ နဲ့ ၂၄၃/၅အကြားမှာ ဒီကနေ့မနက် ၁ နာရီခွဲအချိန်ခန့် က ခရီးသည်တင်ကားချင်း ယာဉ်မတော်တဆမှူဖြစ်ပွားခဲ့ပါတယ်။

ဖြစ်စဉ်မှာ မန္တလေးကနေ ရန်ကုန်ဘက် ကိုမောင်းနှင်လာတဲ့ ပြည့်ဖြိုးအောင် EXPRESS ကားဟာ အရှိန်မထိန်းနိုင်ဘဲ ရှေ့ကမောင်းနှင်နေတဲ့ ဒို့ညီနောင် EXPRESS ကားကိုဝင်ရောက်တိုက်မိခဲ့တာဖြစ်ပါတယ်။

ယဉ်တိုက်မှုကြောင့် ဒို့ညီနောင် ခရီးသည်တင်ယဉ်ပေါ်မှာ လိုက်ပါလာတဲ့ တပ်ကြပ်ကြီး အေးချို (၅၂နှစ်) ဟာ အခင်းဖြစ်ပွားရာနေရာမှာပင် သေဆုံးခဲ့ရပြီး ကားနှစ်စီးပေါင်း ဒဏ်ရာရသူ ၂၅ ဦး ကို ညောင်ကုန်းတိုက်နယ်ဆေးရုံကို ပို့ဆောင်ထားခဲ့ပါတယ်။

အဲ့ဒီ ယဉ်မတော်တဆမှုအတွက် ပြည့်ဖြိုးအောင် EXPRESS ကို မောင်းနှင်လာသူ ယဉ်မောင်း အောင်မျိုးထက် ၊ အသက် ၄၅ နှစ်ကို ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇နဲ့ အမှူဖွင့်လှစ်အရေးယူ ဆောင်ရွှက်ထား ကြောင်း သိရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)