သိန်းတစ်ရာကျော်တန်ဖိုးရှိတဲ့ ရွှေငွေတွေကို ခရီးသည်တစ်ဦးဆီက လုယူသွားသူတွေကိုဖမ်းမိ

0
307

ဧပြီ ၂၀ ရက် နေ့လည် ပိုင်းက ရခိုင်ပြည်နယ်မြောက်ဦးမြို့ကနေ မန္တလေးမြို့ ကျွဲဆည်ကန်ကားဝင်းကို ရောက်လာတဲ့ဒေါ်ဦးသန်းတင် စီကိုလူငယ်တစ်ဦးရောက်လာပြီး လာကြိုတာလိုပြောကာခေါ်ဆောင်သွားခဲ့တာပါ။

အဲဒီနောက်ကားကို ငါးမိနစ်မောင်းပြီးနောက်ကားတစ်စီးပေါ် ကိုပြောင်းတင်ကာလမ်းတနေရာမှာ လူငယ်သုံးဦးက ဒေါ်ဦးသန်းတင်ထံကရွှေဆွဲကြိုးlရွှေလက်စွပ်၊ရွှေနားကပ်၊ရွှေဆံညှပ်များ အပါအ၀င် ကာလတန်ကြေး ကျပ်သိန်း၁၁၁သိန်းခန့် တန်ဖိုးရှိတဲ့ ပစ္စည်းတွေကိုယူဆောင် သွားခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအမှုကို သက်ဆိုင်ရာရဲတပ်ဖွဲ့ကိုတိုင်ကြားခဲ့တာကြောင့် ရဲတပ်ဖွဲ့ လိုက်လံရှိာဖွေခဲ့ပြီး ပခုက္ကူကိုသွားတဲ့ အရိန္ဒမာကားလိုင်းပေါ်မှာ ဖမ်းမိခဲ့တာဖြစ်တယ်လို့ ပေပင်လေးအမြန်လမ်းရဲစခန်းမှ ဒုရဲအုပ်ဇော်မင်းကပြောပါတယ်။အခုဖြစ်စဉ်နဲ့ပါတ်သက်ပြီး ဥပဒေအရ ဆက်လက်ဆောင်ရွှက်နေပါတယ်

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)