အလှူထမင်းဟင်းကြောင့် လူအယောက် (၃၀) ကျော် အစာဆိပ်သင့်

0
313

မြိတ်ခရိုင် တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်း ကျေးရွာအုပ်စု၊ သဘော့လိပ် ကျေးရွာ၌ ဧပြီလ ၂၂ ရက်နေ့ နံနက်ပိုင်းက အလှူအိမ် ဆွမ်းကြွေးတရားနာပွဲက အစားအစာတွေကြောင့်  လူအယောက် ၃၀ကျော်အစာအဆိပ်သင့်မှု တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

အိမ်တစ်အိမ်က  ဆွမ်းကြွေး အလှူပွဲ မှာ ပုစွန်ချဉ်နဲ့  ကင်မွန်ကြော် (ပြည်ကြီးငါး) တို့ကို စားသုံးမိတဲ့ သဘော့လိပ်ကျေးရွာ ဝဏ္ဏသီရီကျောင်းက ဆရာတော် ၁ ပါးကိုရင်လေး ၆ ပါး အပါဝင် ကျေးရွာသူ/ သား ၂၅ ယောက် အားလုံးပေါင်း ၃၂ ယောက်တို့ အစာဆိပ်သင့်ခဲ့တာဖြစ်ပါတယ်။

အခုလိုဖြစ်ပွားတဲ့အကြောင်းကိုတော့ တနင်္သာရီမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးအောင်ကျော်ဟိန်းက MCNသတင်းဌာနကိုပြောပါတယ်။

အစာဆိပ်သင့်မှု ဖြစ်ပွားခဲ့တဲ့  လူနာတွေကိုတော့ အမှတ် (၅၆၁) တပ်ရင်းမှူးနဲ့  ဆေးမှူးတွေ အပါအ၀င် ကျန်းမာရေးဌာနက  ဆရာ/ မ တွေက သဘော့လိပ် ဘုန်းတော်ကြီးကျောင်းမှာ  ဆေးဝါး ကုသပေးတဲ့အတွက် လက်ရှိအချိန်မှာတော့  လူနာတွေ ပြန်လည်သက်သာပြီဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)