သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်ကိုဂုဏ်ပြုတဲ့အနေနဲ့ ပန်းခြံတစ်ခုကို နံမည်ပေးဖို့တောင်းဆို

0
312

သတင်းစာ ဆရာကြီးဟံသာဝတီ ဦးဝင်တင် ကိုဂုဏ်ပြုတဲ့အနေနဲ့ အများပြည်သူနဲ့သက်ဆိုင်တဲ့ အပန်းဖြေပန်းခြံတစ်ခု ကို ဆရာကြီးနံမည်သက်မှတ်ပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးက တောင်းဆိုလိုက်ပါတယ်။

ဧပရယ်လ ၂၁ ရက်နေ့က သတင်းစာဆရာကြီးဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း ၃ နှစ်ပြည့်အခမ်းအနားမှာ NLD နာယက သူရဦးတင်ဦးက ပန်းခြံတစ်ခုကို သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်နံမည်ကို မှည့်ခေါ်ပေးဖို့ အတွက် ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို ပြောဆိုခဲ့တာဖြစ်ပါတယ်။

သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်ကို ၁၉၃၀ ခုနှစ်မှာ မှာ မွေးဖွားခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ ဆုံးပါးသွားခဲ့တာဖြစ်ပါတယ်။ဆရာကြီးဟာ စာနယ်ဇင်းလောကကို ၁၉၅၃ ခုနှစ် မှာဝင်ရောက်ခဲ့ပြီး အာဏာရှင်တွေကိုဝေဖန်ပြောဆိုမှုတွေကြောင့် အကြိမ်ကြိမ် ဖမ်းဆီးချုပ်နှောင် ခံခဲ့ရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)