နိုင်ငံပိုင် လုပ်ငန်းတချို့ ပုဂ္ဂလိက ပြောင်းရေး အရှိန်မြှင့်

0
269

နိုင်ငံပိုင် လုပ်ငန်းနဲ့ စက်ရုံတချို့ကို ပုဂ္ဂလိကသို့ လွှဲပြောင်း လုပ်ကိုင်စေရေး အရှိန်မြှင့်နေပါတယ်။

ဘယ်စက်ရုံတွေကို ပြည်တွင်း ဒါမှမဟုတ် ပြည်ပ လုပ်ငန်းရှင်တွေကို ပေးလုပ်မယ်၊ ဘယ်စက်ရုံတွေကိုတော့ ပိတ်သိမ်းမယ် ဆိုတာ စဉ်းစားဆုံးဖြတ်နေတယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောပါတယ်။

အရင် အစိုးရ လက်ထက်တွေမှာ နိုင်ငံပိုင် စက်ရုံ အလုပ်ရုံတွေဟာ အလုပ်မဖြစ်ရုံမက ဘဏ္ဍာငွေတွေလည်း အရှုံးပေါ်ခဲ့ပါတယ်။ တချို့ စက်ရုံတွေကို ပုဂ္ဂလိက လွှဲပေးတာ ရှိပေမယ့်လည်း အလုပ်ဖြစ်တဲ့ စက်ရုံ အလုပ်ရုံတွေ ကျန်ရှိနေပါသေးတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)