ငွေကြေး ခဝါချမှု တိုက်ဖျက်ရေး ဥပဒေ ပြင်ဆင်ရေးဆွဲနေ

0
303

နေပြည်တော် မနေ့က မတ်လ ၂၁ ရက်နေ့က ပြုလုပ်တဲ့ ငွေကြေး ခဝါချမှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့ အစည်းအဝေးမှာ အဲဒီ ဗဟိုအဖွဲ့ရဲ့ တွဲဖက် အတွင်းရေးမှုး ရဲမှူးကြီး ကျော်ဝင်းသိန်းက ထည့်သွင်း ပြောကြားသွားတာပါ။

မြန်မာနိုင်ငံရဲ့ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး ဆောင်ရွက်မှုကို အာရှ-ပစိဖိတ်ဒေသ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး အဖွဲ့ (APG) အဖွဲ့ဝင် နိုင်ငံ အချင်းချင်း အပြန်အလှန် အကဲဖျက်ရေး ဆောင်ရွက်မှုကိုလည်း အစည်းအဝေးမှာ တင်ပြသွားပါတယ်။

မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းများနဲ့ ပတ်သက်ပြီး အိမ်ခြံမြေ အကျိုးဆောင်တွေ သတင်းပို့ဖို့လည်း အမိန့် ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ အိမ်၊ ခြံမြေ၊ တိုက်ခန်းဈေးတွေ အဆမတန် မြင့်တက်နေတာဟာ ငွေကြေးခဝါချမှုတွေနဲ့ ဆက်စပ်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)