အီတလီ သံရုံး ဗီဇာသစ် လျှောက်ထားမှု ယာယီ ပိတ်ထား

0
326

လတ်တလောမှာ ဗီဇာ လျှောက်ထားမှု များပြားလွန်းတဲ့အတွက် ရန်ကုန်မြို့ရှိ အီတလီ သံရုံးဟာ လာမယ့် ဧပြီလ ၁၀ ရက်အထိ ယာယီ ဗီဇာသစ် လျှောက်ထားမှု ဆောင်ရွက်ပေးမှာ မဟုတ်ဘူးလို့ အီတလီ သံရုံးက ကြေညာလိုက်ပါတယ်။

ဒီနေ့ မတ်လ ၂၂ ရက်က စပြီး အီတလီ ပြည်ဝင်ခွင့် ဗီဇာ လျှောက်ထားသူတွေဟာ အီတလီ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အတိုင်း အွန်လိုင်းကနေ ရက်ကြိုတင်ယူတဲ့ စနစ်ကို လိုက်နာကျင့်သုံးရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ကူးပြောင်းမှုတွေ ဖြစ်ပေါ်လာပြီး ပြည်ပကို ခရီးသွားသူ အရေအတွက်လည်း များပြားလာပါတယ်။ ခရီးသွား ကုမ္ပဏီတွေကလည်း ဥရောပ ခရီးစဉ်တွေအထိ ပက်ကေ့ခ်ျနဲ့ သွားနိုင်ဖို့ အပြိုင်အဆိုင် ဆွဲဆောင်နေကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)