တည်ဆဲဥပဒေများနဲ့ ဆန့်ကျင် မှားယွင်းစွာ စွပ်စွဲတိုင်ကြားတာ ဖြစ်ကြောင်း ဦးဆွေဝင်း ပြော

0
295

ဦးသက်မျိုးဦး ဆိုသူက Myanmar Now သတင်းထောက်ချုပ် ဦးဆွေဝင်းကို ရာဇသတ်ကြီး ပုဒ်မနဲ့ အရေးယူပေးဖို့ ကျောက်တံတား တရားရုံးမှာ ဦးတိုက်လျှောက် တိုင်ကြားချက်ဟာ တည်ဆဲဥပေဒများနဲ့ ဆန့်ကျင်ပြီး မှားယွင်းစွပ်စွဲတာ ဖြစ်နေတယ်လို့ ဦးဆွေဝင်းက ပြောဆိုလိုက်ပါတယ်။

မတ်လ ၂၀ ရက်နေ့ နေ့စွဲနဲ့ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီကို ညှိနှိုင်းဆောင်ရွက်ပေးဖို့ တင်ပြတဲ့စာမှာ အဲဒီလို ပြောဆိုထားတာ ဖြစ်ပါတယ်။
ဦးဝီရသူ (ဦးဝိစိတ္တာဘိဝံသ) ကို ဖေ့စ်ဘုတ်မှာ ဝေဖန်မှုကြောင့် ၆၆ (ဃ) နဲ့ တရားစွဲခံရတဲ့ အမှုနဲ့ ပတ်သက်လို့ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဦးဆွေဝင်း ပြောကြားချက်တွေကို မကျေနပ်တဲ့အတွက် ကြည့်မြင်တိုင်မှာ နေထိုင်တဲ့ ဦးသက်မျိုးဦးက ရာဇသတ်ကြီး ပုဒ်မနဲ့ အရေးယူပေးဖို့ တရားရုံးမှာ ဦးတိုက်လျှောက်တာ ဖြစ်ပါတယ်။

ဦးသက်မျိုးဦး တိုင်ကြားချက်တွေဟာ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာတွေနဲ့ ကွဲလွဲနေပြီး တချို့ အချက်တွေကို ထိမ်ချန်ထားကြောင်း၊ မဘသ အဖွဲ့ဟာ တရားဝင် ရပ်တည်နေတယ်ဆိုတာလည်း မမှန်ကန်ကြောင်း ပေးပို့တဲ့ စာမှာ ဖော်ပြထားပါတယ်။

ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၂၅၉ (က) နဲ့ အရေးယူပေးဖို့ တိုင်ကြားချက်ဟာ လွဲမှားနေကြောင်း ထောက်ပြထားပြီး ဥပဒေနဲ့ အညီ အရေးယူ ဆောင်ရွက်မှုတွေ ဖြစ်ပေါ်လာစေဖို့ ညှိနှိုင်းပေးရေး တင်ပြထားတာပါတယ်။

အဲဒီ အကြောင်းကြားစာကို ပြည်ထဲရေး ဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ပြန်ကြားရေး ဝန်ကြီးဌာန၊ ရဲချုပ်နဲ့ ကျောက်တံတား စခန်းမှူးတို့ဆီလည်း မိတ္တူ ပေးပို့ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)