ကိုးကန့်မှာ နေထိုင်သူတွေရဲ့ ဘဏ်အကောင့်တွေကို တရုတ်က ယာယီ ပိတ်ထား

0
313

တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ လောက်ကိုင်ဒေသမှာ နေထိုင်သူတွေရဲ့ ဘဏ်အကောင့်တွေကို တရုတ်အစိုးရပိုင် တရုတ် စိုက်ပျိုးရေးဘဏ် (ABOC) က ယာယီ ပိတ်ထားလိုက်ပါတယ်။

မြန်မာ အစိုးရ တပ်မတော်နဲ့ ကိုးကန့် MNDAA အကြား တိုက်ပွဲတွေ ဖြစ်ပွားနေချိန်မှာ တရုတ်နဲ့ မြန်မာ အစိုးရအကြား သံတမန် ဆက်ဆံရေး ထိခိုက်မှု မရှိစေရေးအတွက် အခုလို ဘဏ်အကောင့်တွေကို ယာယီ ပိတ်ထားတာ ဖြစ်ပါတယ်။

ဒီလို ပိတ်ပင်လိုက်ခြင်းအားဖြင့် ကိုးကန့် MNDAA ကို ထောက်ခံသူက ငွေကြေး ထောက်ပံ့မှုမလုပ်နိုင်အောင် ပြုလုပ်တာဖြစ်တယ်လို့ MNDAA က ပြောပါတယ်။

ငွေမည်းကို ငွေဖြူလုပ်တာ တားဆီးဖို့၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု မလုပ်နိုင်ဖို့၊ သက်ဆိုင်ရာ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ ပြုလုပ်တာဖြစ်တယ်လို့ ဘဏ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)