သင်္ကြန်ကာလ အဝေးပြေး ကားခ တိုးမြှင့်သတ်မှတ်ပေးရေး အစိုးရထံ တင်ပြ

0
344

အဝေးပြေး ကားပိုင်ရှင် တချို့က သင်္ကြန်ရက် ကာလအတွင်း ကားခ တိုးမြှင့်သတ်မှတ်ပေးဖို့ သက်ဆိုင်ရာကို တင်ပြထားပါတယ်။

လတ်တလောမှာ အဝေးပြေး ကားလက်မှတ်များ ကြိုတင်ဝယ်ယူတာကို ရောင်းချပေးမှု မရှိကြသေးပါဘူး။ အဝေးပြေးကားခ ဘယ်လောက် တိုးမြှင့်သတ်မှတ်ပေးမယ်ဆိုတာကို မတ်လ ၂၄ ရက်နေ့မှာ သိရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေမှာတော့ တိုင်ကြားမှုတွေ ရှိခဲ့ပေမယ့် ယာဉ်စီးခကို တိုးမြှင့် တောင်းနေကြဆဲ ဖြစ်ပါတယ်။ ခရီးသွား အများစုကလည်း ကားလက်မှတ် မရမှာစိုးတဲ့အတွက် တိုးမြှင့် တောင်းခံတာကို ပေးနေရတဲ့ အခြေအနေတွေ ရှိခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)