ကိုယ်ဝန်ဆောင် မိခင်နဲ့ ကလေးငယ်ကို လစဉ် ထောက်ပံ့မယ့် အစီအစဉ် ချင်း၊ ရခိုင်နဲ့ နာဂမှာ စမယ်

0
280

ကိုယ်ဝန်ဆောင် မိခင်နဲ့ မွေးဖွားလာတဲ့ ကလေးတွေကို အသက် ၂ နှစ်အထိ လစဉ် ကျပ် ၁ သောင်းခွဲ ထောက်ပံမယ့် လူမှု ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းအစီအစဉ်ကို စတင်တော့မှာ ဖြစ်ပါတယ်။

ကနဦး အစီအစဉ်အနေနဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေမှာ စတင် ပံ့ပိုးပေးမှာ ဖြစ်ပါတယ်။

တခြား ဒေသတွေမှာလည်း ကိုယ်ဝန်ဆောင် မိခင်နဲ့ အသက် ၂ နှစ်အောက် ကလေးငယ်တွေ (လူသားဘဝ အစ ရက် ၁ ထောင်အတွင်း) အာဟာရ ပြည့်စွာ စားသုံးရေး၊ တကိုယ်ရေ သန့်ရှင်းရေးနဲ့ သားဆက်ခြား အသိပညာပေး လုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လို့ ကြေးမုံ သတင်းစာနဲ့ အင်တာဗျူးမှာ ပြောဆိုထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)