တပ်ချုပ်နဲ့ တရုတ်သံအမတ်ကြီး လောက်ကိုင် အရေး ဆွေးနွေး

0
285

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်တို့ မနေ့က မတ်လ ၂၁ ရက်နေ့မှာ တွေ့ဆုံပြီး တိုက်ပွဲတွေ ဖြစ်နေတဲ့ လောက်ကိုင် အရေး ဆွေးနွေးခဲ့ကြပါတယ်။

နေပြည်တော်မှာ တွေ့ဆုံခဲ့ကြတာ ဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကိုးကန့် MNDAA နဲ့ ဖြစ်ပွားနေတဲ့ စစ်ရေး အခြေအနေ၊ ထိခိုက်ကျဆုံးမှုနဲ့ နှစ်နိုင်ငံ ကုန်သွယ်ရေး ထိခိုက်မှုတွေကို ဆွေးနွေးခဲ့ပါတယ်။

တရုတ်သံအမတ်ကြီးကလည်း လောက်ကိုင် ပဋိပက္ခမှာ ဝင်ရောက် ညှိနှိုင်းပေးမယ့် ကိစ္စ၊ နယ်စပ်ဒေသ လုံခြုံရေးနဲ့ တည်ငြိမ်ရေး ပူးပေါင်း ဆောင်ရွမယ့် ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။

တိုက်ပွဲတွေကြောင့် တရုတ်နယ်စပ်ကို ထွက်ပြေးနေရတဲ့ ဒုက္ခသည် ၂ သောင်းကျော် ရှိနေပါပြီ။ လောက်ကိုင် ဒေသမှာ အလုပ်လာလုပ်ကိုင်နေတဲ့ အလုပ်သမား ၁ သောင်းကျော်လည်း နေရပ်ကို ပြန်ကုန်ကြပြီ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)