ကျွန်းလှနဲ့ ကန့်ဘလူကြား ရထားနှစ်စီး တိုက်မှုဖြစ်ပွား

0
260

စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှနဲ့ ကန့်ဘလူကြားမှာ မတ်လ(၂၂)ရက်နေ့ မနက်(၄)နာရီလောက်မှာ ရထားနှစ်စီးတိုက်မှု ဖြစ်ပွားခဲ့ပါတယ်။

စစ်​ကိုင်းတိုင်း​ဒေသကြီးထဲက ရွာ​ထောင်​ -ကျန်းလှ-ကန့်​ဘလူအကြားမှာ အမှတ် (၄၂)အစုန်​ လူစီးရထားနဲ့ အမှတ် (၄၁)အဆန်​ လူစီးရထား နှစ်​စီးဟာ မိုင်​တိုင်​အမှတ်​ ၄၉၃/၃ကွေ့​အ​ရောက်မှာ မျက်နှာချင်းတိုက်ခဲ့တာပါ။

အခုလို မီးရထားမျက်နှာချင်း တိုက်ခဲ့တာကြာင့် အမှတ်​( ၄၁ အဆန်ရထားရှေ့ဆုံး လူစီးတွဲ ဘီးနှစ်​ဘီးနဲ့ အမှတ်(၄၂)​အစုန်​ရထားရဲ့ ဒုတိယ​မြောက်​ လူစီးတွဲတို့ လမ်းချော်ကျသွားခဲ့ပါတယ်။

အခုလိုဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး ဒေသခံတွေကို MCN သင်းဌာနက ဆက်သွယ်မေးမြန်းခဲ့ရာ ရထားနှစ်စီးပေါ် စီးနင်းလိုက်ပါလာကြတဲ့ ခရီးသည်တွေ ထိခိုက်တာမျိုး မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)