ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီးအဖြစ် တာဝန်ယူ

0
299

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ ဦးထင်ကျော် ဦးဆောင်မယ့် အစိုးရအဖွဲ့သစ်မှာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူ ဆောင်ရွက်သွားဖို့ရှိနေပါတယ်။

DASSK_01

မတ်လ ၂၂ ရက်နေ့ နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရတဲ့ ဦးထင်ကျော်က ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းလာတဲ့ ပြည်ထောင်စုအဆင့် ၀န်ကြီးဌာနတွေမှာ တာဝန်ယူမယ့် ၀န်ကြီးတွေရဲ့ အမည်စာရင်းကို တင်သွင်းတဲ့ အစီရင်ခံစာမှာ အဲ့ဒီလို ဖော်ပြလာတာပါ။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တိုင်းအတွက် အရေးကြီးတဲ့ တခြားပြည်ထောင်စုအဆင့် ၀န်ကြီးဌာနတွေဖြစ်တဲ့ သမ္မတရုံးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနဲ့ လျှပ်စစ် စွမ်းအားဝန်ကြီးဌာနတွေမှာလည်း ပြည်ထောင်စုဝန်ကြီးတာဝန်တွေကို ပူးတွဲ ထမ်းဆောင်သွားမှာ ဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အဲ့ဒီ အစိုးရအဖွဲ့ရဲ့ ပြည်ထောင်စုဝန်ကြီးဌာန အမည်စာရင်းမှာတော့  ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ပြည်ထောင်စုဝန်ကြီးတွေအဖြစ်တာဝန်ယူမယ့် လူပုဂ္ဂိုလ် ၁၈ ဦးရဲ့ အမည်စာရင်းတွေကို တင်ပြလာတာဖြစ်ပါတယ်။ အဲ့ဒီ ပြည်ထောင်စုအဆင့် ၀န်ကြီးဌာနတွေရဲ့ ၀န်ကြီးအမည်စာရင်းတွေထဲမှာတော့ ဒေါ်အောင်ဆန်းစု ကြည်နဲ့အတူ ကြံ့ခိုင်ရေးပါတီက သူရဦးအောင်ကို၊ ပြန့်ကြားရေးဝန်ကြီးဌာန ၀န်ကြီးအဖြစ် ဒေါက်တာအောင်သူ၊ ဦးသန့်စင်မောင်၊ သူရဦးအောင်ကို၊ ဦးအုန်းဝင်း၊ ဦးသိန်းဆွေ၊ ဦးကျော်ဝင်း၊ ဦးခင်မောင်ချို၊ ဒေါက်တာမြင့်ထွေး၊ ဦးဝင်းခိုင်၊ ဒေါက်တာဝင်းမြတ်အေး၊ ဦးအုန်းမောင်၊ ဒေါက်တာသန်းမြင့်၊ နိုင်သက်ြလွင်၊ ဒေါက်တာဖေမြင့်၊ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေနဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်တို့ ပါဝင်နေတာဖြစ်ပါတယ်။

12499344_204183646620601_562647011_o

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)