ရန္ကုန္ကျပသနာေတြေျဖရွင္းဖို႔ ေက်ာင္းသားေတြရဲ႕ တီတြင္မ႕ႈေတြ သံုးျပီးအေကာင္အထည္ေဖာ္မယ္(႐ုပ္/သံ)

0
964

ရန္ကုန္မွာျဖစ္ေနတဲ ျပႆနာေတြကို ေျဖရွင္းႏိုင္ဖို႔ ျပဳလုပ္ခဲ့တဲ့ တီထြင္ဆန္းသစ္မႈ ၿပိဳင္ပြဲက ဆုရေက်ာင္းသားေတြရဲ့ နည္းပညာသစ္ေတြကို ကုမၸဏီေတြနဲ႔ ခ်ိတ္ဆက္ျပီး လက္ေတြ႔ အေကာင္အထည္ေဖာ္သြားဖို႔ရွိေနပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ ေမာင္ထက္က ေပးပို႔ထားပါတယ္။

ရန္ကုန္ၿမိဳ႕ကို Smart City အျဖစ္ တည္ေဆာက္ႏိုင္ေရး အတြက္ သယ္ယူပို႔ေဆာင္ေရး၊ အညစ္အေၾကးနဲ႔ ေရအရင္းအျမစ္ စီမံခန္႔ခဲြေရး၊ ေခတ္မီတဲ့ ေက်ာင္းပရဝဏ္ေတြ ျဖစ္ေပၚလာေရး၊ ၿမိဳ႕ျပလံုၿခံဳေရးစတဲ့ ေခါင္းစဥ္ ၄ ခုနဲ႔ ရန္ကုန္နည္းပညာတကၠသိုလ္မွာ ေဖေဖာ္၀ါရီလ ၂၁ရက္ေန႔က တီထြင္ဆန္းသစ္မႈျပိဳင္ပြဲ(YTU Innovation Challenge – Smart Yangon)ကုိ ျပဳလုပ္ခဲ့တာပါ။

ဒီျပိဳင္ပြဲမွာ ရန္ကုန္နည္းပညာတကၠသိုလ္အပါအဝင္ ရန္ကုန္ၿမိဳ႕ရွိ နည္းပညာနဲ႔ ကြန္ပ်ဳတာတကၠသိုလ္ေတြက ရွာေဖြေတြ႔ရွိခဲ့တဲ့ ျပႆနာေတြကို ေျဖရွင္းဖို႔နညး္လမ္းေတြ တီထြင္ဆန္းသစ္မႈေတြကို ပါဝင္ယွဥ္ၿပိဳင္ခဲ့ၾကျပီး ဆုရသူေတြရဲ့ နည္းပညာကို လက္ေတြ႔အေကာင္အထည္ေဖ္ာဖို႔လုပ္ေဆာင္ေပးသြားမွာပါ။

Soundbites-ကိုျဖိဳးသူရေဌး (ျပန္ၾကားေရးတာ၀န္ခံ) ရန္ကုန္နည္းပညာတကၠသိုလ္ေက်ာင္းသားသမဂၢ

ဒီျပိဳင္ပြဲကို ေက်ာင္းသားေက်ာင္းသူ အသင္းအဖြဲ႔ေတြ ပါ၀င္ခဲ့ျပီး ၿပိဳင္ပြဲ၀င္ေတြတင္ျပခဲ့တဲ့ နည္းပညာသစ္ေတြဟာ ရန္ကုန္တိုင္းဒသႀကီး အစိုးရအတြက္လည္း အေထာက္အကူျဖစ္ႏိုင္တယ္လို႔ အကဲျဖတ္ဒိုင္အဖြဲ႔၀င္ တစ္ဦးက ေျပာပါတယ္။

အင္တာဗ်ဴး-မလွလွ၀င္း (အကဲျဖတ္ဒိုင္အဖြဲ႕၀င္)

ရန္ကုန္နည္းပညာတကၠသိုလ္မွာ ပထမဆုံးျပဳလုပ္တဲ့ ဒီၿပိဳင္ပြဲကို ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း၊ ရန္ကုန္နည္းပညာတကၠသိုလ္ ပါေမာကၡခ်ဳပ္ ေဒါက္တာျမင့္သိန္း၊ ဒုတိယ ပါေမာကၡခ်ဳပ္၊ ပါေမာကၡဌာနမွဴး ဆရာ ဆရာမေတြ တက္ေရာက္ခဲ့ၾကပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရန်ကုန်မှာဖြစ်နေတဲ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ပြုလုပ်ခဲ့တဲ့ တီထွင်ဆန်းသစ်မှု ပြိုင်ပွဲက ဆုရကျောင်းသားတွေရဲ့ နည်းပညာသစ်တွေကို ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ပြီး လက်တွေ့ အကောင်အထည်ဖော်သွားဖို့ရှိနေပါတယ်။ ဒီသတင်းကို MCN သတင်းထောက် မောင်ထက်က ပေးပို့ထားပါတယ်။

ရန်ကုန်မြို့ကို Smart City အဖြစ် တည်ဆောက်နိုင်ရေး အတွက် သယ်ယူပို့ဆောင်ရေး၊ အညစ်အကြေးနဲ့ ရေအရင်းအမြစ် စီမံခန့်ခွဲရေး၊ ခေတ်မီတဲ့ ကျောင်းပရဝဏ်တွေ ဖြစ်ပေါ်လာရေး၊ မြို့ပြလုံခြုံရေးစတဲ့ ခေါင်းစဉ် ၄ ခုနဲ့ ရန်ကုန်နည်းပညာတက္ကသိုလ်မှာ ဖေဖော်ဝါရီလ ၂၁ရက်နေ့က တီထွင်ဆန်းသစ်မှုပြိုင်ပွဲ(YTU Innovation Challenge – Smart Yangon)ကို ပြုလုပ်ခဲ့တာပါ။

ဒီပြိုင်ပွဲမှာ ရန်ကုန်နည်းပညာတက္ကသိုလ်အပါအဝင် ရန်ကုန်မြို့ရှိ နည်းပညာနဲ့ ကွန်ပျုတာတက္ကသိုလ်တွေက ရှာဖွေတွေ့ရှိခဲ့တဲ့ ပြဿနာတွေကို ဖြေရှင်းဖို့နညး်လမ်းတွေ တီထွင်ဆန်းသစ်မှုတွေကို ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရသူတွေရဲ့ နည်းပညာကို လက်တွေ့အကောင်အထည်ဖော်ဖို့လုပ်ဆောင်ပေးသွားမှာပါ။

Soundbites-ကိုဖြိုးသူရဌေး (ပြန်ကြားရေးတာဝန်ခံ) ရန်ကုန်နည်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂ

ဒီပြိုင်ပွဲကို ကျောင်းသားကျောင်းသူ အသင်းအဖွဲ့တွေ ပါဝင်ခဲ့ပြီး ပြိုင်ပွဲဝင်တွေတင်ပြခဲ့တဲ့ နည်းပညာသစ်တွေဟာ ရန်ကုန်တိုင်းဒသကြီး အစိုးရအတွက်လည်း အထောက်အကူဖြစ်နိုင်တယ်လို့ အကဲဖြတ်ဒိုင်အဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

အင်တာဗျူး-မလှလှဝင်း (အကဲဖြတ်ဒိုင်အဖွဲ့ဝင်)

ရန်ကုန်နည်းပညာတက္ကသိုလ်မှာ ပထမဆုံးပြုလုပ်တဲ့ ဒီပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြင့်သိန်း၊ ဒုတိယ ပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူး ဆရာ ဆရာမတွေ တက်ရောက်ခဲ့ကြပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)