ေႏြရာသီ လူငယ္ေဘာလံုးသင္တန္းေတြ ရန္ုကုန္၊ မႏၱေလးနဲ႔ ပုသိမ္ျမိဳ႕ေတြမွာဖြင့္မယ္ (႐ုပ္/သံ)

0
966

အေျခခံေဘာလံုးနည္းစနစ္က်က် ကစားႏိုင္ဖို႔ ေႏြရာသီ လူငယ္ေဘာလံုးသင္တန္းေတြကို ရန္ုကုန္၊ မႏၱေလးနဲ႔ ပုသိမ္ျမိဳ႕ေတြမွာ ဖြင္႔လွစ္သင္ၾကားေပးသြားမွာျဖစ္ပါတယ္။ ဒီသတင္းကိုေတာ႔ MCNသတင္းေထာက္ ေအာင္သူက ေပးပို႔ထားပါတယ္။

ေဘာလုံးအားကစားကို ၀ါသနာပါတဲ့ မ်ိဳးဆက္သစ္လူငယ္ေတြ အေျခခံေဘာလံုးနည္းစနစ္က်က် ကစားႏိုင္ဖို႔ရည္ရြယ္ၿပီး လာမယ္႔မတ္လ(၅)ရက္ေန႔ကေန ဧၿပီလ(၅)ရက္ေန႔အထိ ေႏြရာသီလူငယ္ေဘာလံုးသင္တန္းေတြကို ရန္ကုန္၊ မႏၱေလးနဲ႔ ပုသိမ္ၿမိဳ႕ေတြက ေဘာလံုးအကယ္ဒမီ အားကစားကြင္းေတြမွာ ၁ လ ၾကာ ဖြင္႔လွစ္သင္ၾကားေပးသြားမွာျဖစ္ပါတယ္။

Soundbite – ဦးဖုန္းႏိုင္ေဇာ္(အမႈေဆာင္အရာရွိခ်ဳပ္) ျမန္မာႏိုင္ငံေဘာလံုးအဖြဲ႔ခ်ဳပ္

အဲ႔ဒီသင္တန္းကို ျမန္မာ႔လက္ေရြးစင္ေဟာင္းေတြျဖစ္တဲ႔ သန္းတိုးေအာင္၊ ၾကည္လြင္၊ မ်ိဳးလႈိင္၀င္း၊ ၀င္းေအာင္၊ တင္ျမင္႔ေအာင္ ၊ေအာင္ေက်ာ္ေက်ာ္၊ သန္းေ၀၊ ေအးဆန္းနဲ႔ ရာဇာ၀င္းသိန္းတို႔က အာရွေဘာလံုးအဖြဲ႔ခ်ဳပ္ လိုင္စင္ရ နည္းျပေတြနဲ႔အတူ အခ်ိန္ပိုင္းလာေရာက္ ပူးေပါင္းျပသေပးသြားမွာပါ။

Soundbite – ဦးဖုန္းႏိုင္ေဇာ္(အမႈေဆာင္အရာရွိခ်ဳပ္) ျမန္မာႏိုင္ငံေဘာလံုးအဖြဲ႔ခ်ဳပ္

ဒီသင္တန္းမွာ သင္တန္းေၾကး(၃၀၀၀၀)သတ္မွတ္ထားျပီး အသက္(၁၀)ႏွစ္ကေန (၁၄)ႏွစ္အထိ လူငယ္ေတြ သင္ယူႏိုင္မွာျဖစ္ၿပီး အပတ္စဥ္ တနလၤာ၊ အဂၤါ၊ ၾကာသာပေတး၊ ေသာၾကာေန႔ေတြမွာ မနက္(၇)နာရီကေန (၉)နာရီအထိ အေျခခံေဘာလံုးပညာေတြကို သင္ၾကားေပးသြားမွာျဖစ္ပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အခြေခံဘောလုံးနည်းစနစ်ကျကျ ကစားနိုင်ဖို့ နွေရာသီ လူငယ်ဘောလုံးသင်တန်းတွေကို ရန်ုကုန်၊ မန္တလေးနဲ့ ပုသိမ်မြို့တွေမှာ ဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်ပါတယ်။ ဒီသတင်းကိုတော့ MCNသတင်းထောက် အောင်သူက ပေးပို့ထားပါတယ်။

ဘောလုံးအားကစားကို ဝါသနာပါတဲ့ မျိုးဆက်သစ်လူငယ်တွေ အခြေခံဘောလုံးနည်းစနစ်ကျကျ ကစားနိုင်ဖို့ရည်ရွယ်ပြီး လာမယ့်မတ်လ(၅)ရက်နေ့ကနေ ဧပြီလ(၅)ရက်နေ့အထိ နွေရာသီလူငယ်ဘောလုံးသင်တန်းတွေကို ရန်ကုန်၊ မန္တလေးနဲ့ ပုသိမ်မြို့တွေက ဘောလုံးအကယ်ဒမီ အားကစားကွင်းတွေမှာ ၁ လ ကြာ ဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်ပါတယ်။

Soundbite – ဦးဖုန်းနိုင်ဇော်(အမှုဆောင်အရာရှိချုပ်) မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်

အဲ့ဒီသင်တန်းကို မြန်မာ့လက်ရွေးစင်ဟောင်းတွေဖြစ်တဲ့ သန်းတိုးအောင်၊ ကြည်လွင်၊ မျိုးလှိုင်ဝင်း၊ ဝင်းအောင်၊ တင်မြင့်အောင် ၊အောင်ကျော်ကျော်၊ သန်းဝေ၊ အေးဆန်းနဲ့ ရာဇာဝင်းသိန်းတို့က အာရှဘောလုံးအဖွဲ့ချုပ် လိုင်စင်ရ နည်းပြတွေနဲ့အတူ အချိန်ပိုင်းလာရောက် ပူးပေါင်းပြသပေးသွားမှာပါ။

Soundbite – ဦးဖုန်းနိုင်ဇော်(အမှုဆောင်အရာရှိချုပ်) မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်

ဒီသင်တန်းမှာ သင်တန်းကြေး(၃၀ဝ၀ဝ)သတ်မှတ်ထားပြီး အသက်(၁၀)နှစ်ကနေ (၁၄)နှစ်အထိ လူငယ်တွေ သင်ယူနိုင်မှာဖြစ်ပြီး အပတ်စဉ် တနင်္လာ၊ အင်္ဂါ၊ ကြာသာပတေး၊ သောကြာနေ့တွေမှာ မနက်(၇)နာရီကနေ (၉)နာရီအထိ အခြေခံဘောလုံးပညာတွေကို သင်ကြားပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)