FDA ဝန္ထမ္း အမ်ိဳးသမီးကို သတ္တဲ့ မ်ိဳးေဇာ္ဦးကို ပုဒ္မ ၄ ခုနဲ႔ အမႈဖြင့္

0
992

FDA ဝန္ထမ္း မေရႊရည္ကို အဓမၼျပဳက်င့္ သတ္ျဖတ္တဲ့ အငွားယာဥ္ေမာင္း မ်ိဳးေဇာ္ဦးကို လူသတ္မႈ၊ မုဒိမ္းမႈ အပါအဝင္ ပုဒ္မ ၄ ခုနဲ႔
အမႈဖြင့္လိုက္ပါတယ္။

ဒီေန႔ ေဖေဖာ္ဝါရီ ၂၂ ရက္ေန႔ ရန္ကုန္ အေရွ႕ပိုင္းခ႐ိုင္ တရား႐ံုးမွာ ႐ံုးထုတ္ၿပီးေနာက္ ပုဒ္မ ၃၉၄၊ ၃၇၆၊ ၃၇၇၊ ၃၀၂ တို႔နဲ႔ အမႈဖြင့္လိုက္တာ ျဖစ္ပါတယ္။ မ်ိဳးေဇာ္ဦးကို ေဖေဖာ္ဝါရီ ၈ ရက္ေန႔ကလည္း ဒဂံုၿမိဳ႕သစ္ ေျမာက္ပိုင္း တရား႐ံုးမွာ ႐ံုးထုတ္ခဲ့ပါေသးတယ္။

မေရႊရည္ဟာ ဇန္န၀ါရီလ ၂၁ ရက္ေန႔က ဒဂုံၿမိဳ႕သစ္ ေျမာက္ပိုင္းၿမိဳ႕နယ္၊ (၃၃) တိုးခ်ဲ႕ရပ္ကြက္၊ ငမိုးရိပ္ေခ်ာင္းကူး တံတားေဘးက ကုလားမန္က်ည္းပင္ေအာက္မွာ ဝဲပါး၊ လည္ပင္း ဖူးေရာင္ညိဳမဲ၊ လည္ပင္းေရွ႕ ထိုးသြင္းဒဏ္ရာ ၁ ခ်က္၊ မိန္းမအဂၤါေသြးထြက္ ဒဏ္ရာေတြနဲ႔ အသတ္ခံထားရတာကို ေတြ႕ရွိခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

FDA ဝန်ထမ်း အမျိုးသမီးကို သတ်တဲ့ မျိုးဇော်ဦးကို ပုဒ်မ ၄ ခုနဲ့ အမှုဖွင့်

FDA ဝန်ထမ်း မရွှေရည်ကို အဓမ္မပြုကျင့် သတ်ဖြတ်တဲ့ အငှားယာဉ်မောင်း မျိုးဇော်ဦးကို လူသတ်မှု၊ မုဒိမ်မှု အပါအဝင် ပုဒ်မ ၄ ခုနဲ့ အမှုဖွင့်လိုက်ပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့ ရန်ကုန် အရှေ့ပိုင်းခရိုင် တရားရုံးမှာ ရုံးထုတ်ပြီးနောက် ပုဒ်မ ၃၉၄၊ ၃၇၆၊ ၃၇၇၊ ၃၀၂ တို့နဲ့ အမှုဖွင့်လိုက်တာ ဖြစ်ပါတယ်။ မျိုးဇော်ဦးကို ဖေဖော်ဝါရီ ၈ ရက်နေ့ကလည်း ဒဂုံမြို့သစ် မြောက်ပိုင်း တရားရုံးမှာ ရုံးထုတ်ခဲ့ပါသေးတယ်။

မရွှေရည်ဟာ ဇန်နဝါရီလ ၂၁ ရက်နေ့က ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်၊ (၃၃) တိုးချဲ့ရပ်ကွက်၊ ငမိုးရိပ်ချောင်းကူး တံတားဘေးက ကုလားမန်ကျည်းပင်အောက်မှာ ဝဲပါး၊ လည်ပင်း ဖူးရောင်ညိုမဲ၊ လည်ပင်းရှေ့ ထိုးသွင်းဒဏ်ရာ ၁ ချက်၊ မိန်းမအင်္ဂါသွေးထွက် ဒဏ်ရာတွေနဲ့ အသတ်ခံထားရတာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)