ဦးကိုနီ အမႈမွာ တရားရင္ဆိုင္ေနရတဲ့ ေအာင္ဝင္းထြန္းကို သိန္း ၅၀၀ နဲ႔ အာမခံေပး

0
1012

တရားလႊတ္ေေတာ္ ေရွ႕ေန ဦးကိုနီ လုပ္ႀကံခံရမႈနဲ႔ ပတ္သက္ၿပီး ပုဒ္မ (၂၁၂) နဲ႔ တရားရင္ဆိုင္ေနရတဲ့ ေအာင္ဝင္းထြန္းကို က်ပ္သိန္း (၅၀၀) နဲ႔ ေျမာက္ပိုင္းခ႐ိုင္ တရား႐ံုးက ဒီေန႔ ေဖေဖာ္ဝါရီ ၂၂ ရက္ေန႔ ႐ံုးခ်ိန္မွာ အာမခံေပးလိုက္ပါတယ္။

ေအာင္ဝင္းေဇာ္ကို ကားေမာင္းပို႔တဲ့ ေအာင္ဝင္းထြန္းကို အားေပးကူညီမႈ ရာဇသတ္ႀကီးဥပေဒ ပုဒ္မ ၂၁၂ နဲ႔ စြဲခ်က္တင္ထားတာ ျဖစ္ပါတယ္။ မျဖစ္မေန အာမခံေပးရမယ့္ ပုဒ္မျဖစ္လို႔ အာမခံေပးတာျဖစ္တယ္လို႔ ေအာင္ဝင္းထြန္းရဲ႕ ေရွ႕ေန ဦးေအာင္ခိုင္က ေျပာပါတယ္။

ၾကည္လင္း၊ ေအာင္ဝင္းေဇာ္နဲ႔ ေဇယ်ာၿဖိဳးတို႔ကို ေဖေဖာ္ဝါရီ ၉ ရက္ေန႔က ေျမာက္ပိုင္းခ႐ိုင္တရား႐ံုးမွာ ႐ံုးထုတ္ၿပီး အျမင့္ဆံုးအျပစ္ဒဏ္အျဖစ္ ေသဒဏ္အထိ ေပးႏိုင္တဲ့ ပုဒ္မ ၃၀၂ (၁) (ခ)/၃၄ နဲ႔ စြဲခ်က္တင္ထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဦးကိုနီ အမှုမှာ တရားရင်ဆိုင်နေရတဲ့ အောင်ဝင်းထွန်းကို သိန်း ၅၀ဝ နဲ့ အာမခံပေး
တရားလွှတ်တော် ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုနဲ့ ပတ်သက်ပြီး ပုဒ်မ (၂၁၂) နဲ့ တရားရင်ဆိုင်နေရတဲ့ အောင်ဝင်းထွန်းကို ကျပ်သိန်း (၅၀ဝ) နဲ့ မြောက်ပိုင်းခရိုင် တရားရုံးက ဒီနေ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့ ရုံးချိန်မှာ အာမခံပေးလိုက်ပါတယ်။
အောင်ဝင်းဇော်ကို ကားမောင်းပို့တဲ့ အောင်ဝင်းထွန်းကို အားပေးကူညီမှု ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၂၁၂ နဲ့ စွဲချက်တင်ထားတာ ဖြစ်ပါတယ်။ မဖြစ်မနေ အာမခံပေးရမယ့် ပုဒ်မဖြစ်လို့ အာမခံပေးတာဖြစ်တယ်လို့ အောင်ဝင်းထွန်းရဲ့ ရှေ့နေ ဦးအောင်ခိုင်က ပြောပါတယ်။
ကြည်လင်း၊ အောင်ဝင်းဇော်နဲ့ ဇေယျာဖြိုးတို့ကို ဖေဖော်ဝါရီ ၉ ရက်နေ့က မြောက်ပိုင်းခရိုင်တရားရုံးမှာ ရုံးထုတ်ပြီး အမြင့်ဆုံးအပြစ်ဒဏ်အဖြစ် သေဒဏ်အထိ ပေးနိုင်တဲ့ ပုဒ်မ ၃၀၂ (၁) (ခ)/၃၄ နဲ့ စွဲချက်တင်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)