ကခ်င္ျပည္နယ္မွာ သဘာဝေဘးနဲ႔ စစ္ေရွာင္ျပည္သူေတြအတြက္ ဂ်ပန္က ဆန္လွဴဒါန္း

0
879

ဂ်ပန္အစိုးရက ကခ်င္ျပည္နယ္ အတြင္းရွိ သဘာဝေဘး နဲ႔ စစ္ေဘဒေရွာင္ ျပည္သူေတြအတြက္ ASEAN +3 အေရးေပၚ အရန္ ဆန္ရိကၡာ အစီအစဥ္အရ ဆန္တန္ခ်ိန္ ၃၁၁ တန္ေက်ာ္ကို လွဴဒါန္းခဲ့ပါတယ္။

ဂ်ပန္ႏိုင္ငံ အစိုးရကိုယ္စား ဂ်ပန္သံ႐ုံးက ဒုတိယ အတြင္းဝန္ မစၥတာ ကာဇူယိုရွီ ဆူဇူကီးက ဂ်ပန္အစိုးရနဲ႔ ျပည္သူတို႔က ကခ်င္ျပည္နယ္အတြင္းရွိ ျပည္သူေတြအတြက္ အေျခခံ လိုအပ္ခ်က္ျဖစ္တဲ့ ဆန္လိုအပ္ခ်က္ အဆင္ေျပေစဖို႔ ကူညီေထာက္ပံ့တာ ျဖစ္တယ္လို႔ေျပာခဲ့ပါတယ္။

ကခ်င္ျပည္နယ္အတြင္း စစ္ေဘးေရွာင္ စခန္းေတြရွိရာ ျမစ္ႀကီးနား ခ႐ိုင္အတြင္းမွာ စခန္း ၄၁ ခု၊ အိမ္ေထာင္စု ၃၁၈၀ စု၊ မိုးညွင္းခ႐ိုင္ အတြင္းမွာ စခန္း ၂၃ ခု၊ အိမ္ေထာင္စု ၇၃၇ စု၊ ဗန္းေမာ္ခ႐ိုင္ အတြင္းမွာ စခန္း ၂၅ ခု၊ အိမ္ေထာင္စု ၁၁၆ စုနဲ႔ ပူတာအို ခ႐ိုင္အတြင္းမွာ စခန္း ၂ ခု၊ အိမ္ေထာင္စု ၇၃ စုတို႔ အတြက္ တစ္အိမ္ေထာင္ကို ဆန္ တစ္အိတ္စီနဲ႔ ဆန္အိတ္ေပါင္း ၁၀၀၅၈ အိတ္၊ လက္ရွိျဖစ္ေပၚေနတဲ့ အေျခအေနအရ လိုအပ္ေနတဲ့ ဆြမ္ပရာဘြမ္ ေဒသကို ဆန္အိတ္ ၂၀၀၀ တို႔ကို ျဖန္႔ေဝေပးမွာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကချင်ပြည်နယ်မှာ သဘာဝဘေးနဲ့ စစ်ရှောင်ပြည်သူတွေအတွက် ဂျပန်က ဆန်လှူဒါန်း

ဂျပန်အစိုးရက ကချင်ပြည်နယ် အတွင်းရှိ သဘာဝဘေး နဲ့ စစ်ဘေဒရှောင် ပြည်သူတွေအတွက် ASEAN +3 အရေးပေါ် အရန် ဆန်ရိက္ခာ အစီအစဉ်အရ ဆန်တန်ချိန် ၃၁၁ တန်ကျော်ကို လှူဒါန်းခဲ့ပါတယ်။

ဂျပန်နိုင်ငံ အစိုးရကိုယ်စား ဂျပန်သံရုံးက ဒုတိယ အတွင်းဝန် မစ္စတာ ကာဇူယိုရှီ ဆူဇူကီးက ဂျပန်အစိုးရနဲ့ ပြည်သူတို့က ကချင်ပြည်နယ်အတွင်းရှိ ပြည်သူတွေအတွက် အခြေခံ လိုအပ်ချက်ဖြစ်တဲ့ ဆန်လိုအပ်ချက် အဆင်ပြေစေဖို့ ကူညီထောက်ပံ့တာ ဖြစ်တယ်လို့ပြောခဲ့ပါတယ်။

ကချင်ပြည်နယ်အတွင်း စစ်ဘေးရှောင် စခန်းတွေရှိရာ မြစ်ကြီးနား ခရိုင်အတွင်းမှာ စခန်း ၄၁ ခု၊ အိမ်ထောင်စု ၃၁၈၀ စု၊ မိုးညှင်းခရိုင် အတွင်းမှာ စခန်း ၂၃ ခု၊ အိမ်ထောင်စု ၇၃၇ စု၊ ဗန်းမော်ခရိုင် အတွင်းမှာ စခန်း ၂၅ ခု၊ အိမ်ထောင်စု ၁၁၆ စုနဲ့ ပူတာအို ခရိုင်အတွင်းမှာ စခန်း ၂ ခု၊ အိမ်ထောင်စု ၇၃ စုတို့ အတွက် တစ်အိမ်ထောင်ကို ဆန် တစ်အိတ်စီနဲ့ ဆန်အိတ်ပေါင်း ၁၀ဝ၅၈ အိတ်၊ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေအရ လိုအပ်နေတဲ့ ဆွမ်ပရာဘွမ် ဒေသကို ဆန်အိတ် ၂၀ဝ၀ တို့ကို ဖြန့်ဝေပေးမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)