အျငင္းပြားဖြယ္ရာေတြ ရွိေနလို႔ ၂၀၁၄ သန္းေခါင္စာရင္းကို မထုတ္ျပန္ႏိုင္

0
897

၂၀၁၄ ခုႏွစ္မွာ ေကာက္ယူၿပီး ၃ ႏွစ္ခြဲေက်ာ္ ၾကာတဲ့အထိ သန္းေခါင္စာရင္း မထုတ္ျပန္ႏိုင္တာဟာ အျငင္းပြားဖြယ္ရာေတြ ရွိေနလို႔ ျဖစ္ၿပီး ညွိႏိႈင္းေဆြးေႏြးမႈ လုပ္ၿပီးမွာ ထုတ္ျပန္ဖို႔ လ်ာထားတယ္လို႔ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဝန္ႀကီး ဦးသိန္းေဆြက ေျပာပါတယ္။

၂၀၁၄ သန္းေခါင္စာရင္း မထုတ္ျပန္ႏိုင္တာနဲ႔ ပတ္သက္ၿပီး ခ်င္းျပည္နယ္၊ မဲဆႏၵနယ္ အမွတ္ (၂) က ဦးရွန္ေအာရ္ရဲ႕ ေမးျမန္းခ်က္ကို ဝန္ႀကီး ဦးသိန္းေဆြက ေျဖၾကားတာ ျဖစ္ပါတယ္။

သန္းေခါင္စာရင္း ေကာက္ယူရာမွာ တိုင္းရင္းသား လူမ်ိဳးေတြ ဖြဲ႔စည္းပါဝင္မႈ၊ တိုင္းရင္းသား လူမ်ိဳးစုငယ္ေတြ ပါဝင္မႈ၊ စာလံုးေပါင္းသတ္ပံု၊ အမည္နာမအသစ္၊ တိုင္းရင္းသား ျဖစ္၊ မျဖစ္ကိစၥေတြမွာ အျငင္းပြားဖြယ္ရာေတြ ရွိေနတာ ျဖစ္ပါတယ္။

တိုင္းရင္းသားကိုယ္စားလွယ္၊ သမိုင္းပညာရွင္၊ ယဥ္ေက်းမႈ ပညာရွင္နဲ႔ လူဦးေရပညာရွင္ေတြ၊ သက္ဆိုင္ရာဌာန၊ အဖြဲ႔အစည္းေတြနဲ႔ အဆင့္ဆင့္ညွိႏိႈင္းေဆြးေႏြးၿပီး တိုင္းရင္းသား လူမ်ိဳးအမည္ သတ္မွတ္ၿပီးမွ ထုတ္ျပန္မွာ ျဖစ္ၿပီး ထုတ္ျပန္မယ့္ေန႔ကို မေျဖႏိုင္ေသးဘူးလို႔ ဝန္ႀကီး ဦးသိန္းေဆြက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အငြင်းပွားဖွယ်ရာတွေ ရှိနေလို့ ၂၀၁၄ သန်းခေါင်စာရင်းကို မထုတ်ပြန်နိုင်

၂၀၁၄ ခုနှစ်မှာ ကောက်ယူပြီး ၃ နှစ်ခွဲကျော် ကြာတဲ့အထိ သန်းခေါင်စာရင်း မထုတ်ပြန်နိုင်တာဟာ အငြင်းပွားဖွယ်ရာတွေ ရှိနေလို့ ဖြစ်ပြီး ညှိနှိုင်းဆွေးနွေးမှု လုပ်ပြီးမှာ ထုတ်ပြန်ဖို့ လျာထားတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်

၂၀၁၄ သန်းခေါင်စာရင်း မထုတ်ပြန်နိုင်တာနဲ့ ပတ်သက်ပြီး ချင်းပြည်နယ်၊ မဲဆန္ဒနယ် အမှတ် (၂) က ဦးရှန်အောရ်ရဲ့ မေးမြန်းချက်ကို ဝန်ကြီး ဦးသိန်းဆွေက ဖြေကြားတာ ဖြစ်ပါတယ်။

သန်းခေါင်စာရင်း ကောက်ယူရာမှာ တိုင်းရင်းသား လူမျိုးတွေ ဖွဲ့စည်းပါဝင်မှု၊ တိုင်းရင်းသား လူမျိုးစုငယ်တွေ ပါဝင်မှု၊ စာလုံးပေါင်းသတ်ပုံ၊ အမည်နာမအသစ်၊ တိုင်းရင်းသား ဖြစ်၊ မဖြစ်ကိစ္စတွေမှာ အငြင်းပွားဖွယ်ရာတွေ ရှိနေတာ ဖြစ်ပါတယ်။

တိုင်းရင်းသားကိုယ်စားလှယ်၊ သမိုင်းပညာရှင်၊ ယဉ်ကျေးမှု ပညာရှင်နဲ့ လူဦးရေပညာရှင်တွေ၊ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းတွေနဲ့ အဆင့်ဆင့်ညှိနှိုင်းဆွေးနွေးပြီး တိုင်းရင်းသား လူမျိုးအမည် သတ်မှတ်ပြီးမှ ထုတ်ပြန်မှာ ဖြစ်ပြီး ထုတ်ပြန်မယ့်နေ့ကို မဖြေနိုင်သေးဘူးလို့ ဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)