မ႑ိဳင္ႀကီး ၃ ရပ္အေနနဲ႔ မီဒီယာၾကားမွာ ခြဲျခားဆက္ဆံမႈ မလုပ္ဖို႔လို

0
828

အုပ္ခ်ဳပ္ေရး၊ ဥပေဒျပဳေရးနဲ႔ တရားစီရင္ေရး မ႑ိဳင္ႀကီး ၃ ရပ္အေနနဲ႔ သတင္းမီဒီယာၾကားမွာ ခြဲျခားဆက္ဆံမႈ မလုပ္ဖို႔ ျမန္မာႏုိင္ငံ သတင္းမီဒီယာ ေကာင္စီက ေတာင္းဆိုလိုက္ပါတယ္။

ဒုတိယအႀကိမ္ မ႑ိဳင္ ေလးရပ္ အလုပ္႐ုံ ေဆြးေႏြးပြဲအၿပီး ေဖေဖာ္၀ါရီလ ၂၂ ရက္ေန႔မွာ ျမန္မာႏုိင္ငံ သတင္းမီဒီယာ ေကာင္စီက ေၾကညာခ်က္ ထုတ္ျပန္ ေတာင္းဆိုလိုက္တာပါ။

အခ်က္ ၁၆ ခ်က္ ပါဝင္တဲ့ အဲ့ဒီ ေၾကညာခ်က္ထဲမွာေတာ့ ဝန္ႀကီးဌာန၊ အဖြဲ႔အစည္းေတြအလုိက္ သတင္းစာ ရွင္းလင္းပြဲေတြကို တစ္လ တစ္ႀကိမ္ ျပဳလုပ္ေပးဖို႔၊ သတင္းမီဒီယာ ဥပေဒကို ျပန္လည္သံုးသပ္ ျပင္ဆင္ေပးဖို႔၊ အစိုးရဌာနေတြနဲ႔ လႊတ္ေတာ္ေတြမွာ Press Corner ေတြ ထားရွိေပးဖို႔ စတဲ့ အခ်က္ေတြကိုလည္း ေတာင္းဆိုထားပါတယ္။

လက္ရွိ အေျခအေနမွာဆိုရင္ေတာ့ တပ္မေတာ္ အပါအဝင္ အစိုးရ အဖြဲ႔အစည္းေတြက သတင္းရယူႏိုင္ဖို႔ စီစဥ္ဖိတ္ၾကားမႈေတြမွာ ခြဲျခားဆက္ဆံ ဖိတ္ၾကားမႈေတြ ရွိေနတာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မဏ္ဍိုင်ကြီး ၃ ရပ်အနေနဲ့ မီဒီယာကြားမှာ ခွဲခြားဆက်ဆံမှု မလုပ်ဖို့လို

အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေး မဏ္ဍိုင်ကြီး ၃ ရပ်အနေနဲ့ သတင်းမီဒီယာကြားမှာ ခွဲခြားဆက်ဆံမှု မလုပ်ဖို့ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီက တောင်းဆိုလိုက်ပါတယ်။

ဒုတိယအကြိမ် မဏ္ဍိုင် လေးရပ် အလုပ်ရုံ ဆွေးနွေးပွဲအပြီး ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီက ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်တာပါ။

အချက် ၁၆ ချက် ပါဝင်တဲ့ အဲ့ဒီ ကြေညာချက်ထဲမှာတော့ ဝန်ကြီးဌာန၊ အဖွဲ့အစည်းတွေအလိုက် သတင်းစာ ရှင်းလင်းပွဲတွေကို တစ်လ တစ်ကြိမ် ပြုလုပ်ပေးဖို့၊ သတင်းမီဒီယာ ဥပဒေကို ပြန်လည်သုံးသပ် ပြင်ဆင်ပေးဖို့၊ အစိုးရဌာနတွေနဲ့ လွှတ်တော်တွေမှာ Press Corner တွေ ထားရှိပေးဖို့ စတဲ့ အချက်တွေကိုလည်း တောင်းဆိုထားပါတယ်။

လက်ရှိ အခြေအနေမှာဆိုရင်တော့ တပ်မတော် အပါအဝင် အစိုးရ အဖွဲ့အစည်းတွေက သတင်းရယူနိုင်ဖို့ စီစဉ်ဖိတ်ကြားမှုတွေမှာ ခွဲခြားဆက်ဆံ ဖိတ်ကြားမှုတွေ ရှိနေတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)