
0
889




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပျောက်ဆုံးနေတဲ့ ကချင်နှစ်ဦးအရေး စုံစမ်းပေးဖို့ Fortify Rights တိုက်တွန်း

ကချင်ပြည်နယ်မှာ မြန်မာ့တပ်မတော်က ဖမ်းဆီးပြီးနောက် ပျောက်ဆုံးနေတဲ့ ကချင်တိုင်းရင်းသား ၂ ဦးနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေအနေနဲ့ အမြန်ဆုံး စုံစမ်းရှာဖွေသင့်ကြောင်း Fortify Rights လူ့အခွင့်အရေး အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့က မန်စီမြို့နယ်အတွင်း ဖောဂမ်ယော်နဲ့ နခွန်နော်ဆန်း အမည်ရှိ ကချင်ရွာသား ၂ ဦးကို တပ်မတော်က ဖမ်းဆီးခဲ့ပြီးနောက် သီတင်း ၂ ပတ်ကြာတဲ့အထိ သူတို့နဲ့ ပတ်သက်တဲ့ သတင်း မကြားရတော့အတွက် စိုးရိမ်စရာ ဖြစ်လာတယ်လို့ Fortify Rights အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ဖမ်းဆီးခံထားရသူ ဖောဂမ်ယော် (၆၅ နှစ်) နဲ့ နခွန်နော်ဆန်း (၃၅ နှစ်) တို့ကို လက်ပြန်ကြိုး တုပ်ခံထားရတာ တွေ့မြင်ခဲ့ကြရတယ်လို့ မျက်မြင် သက်သေနှစ်ဦးက ပြောဆိုကြောင်း Fortify Rights ရဲ့ ကြေညာချက်မှာ ဖော်ပြထားတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)