
0
820




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စတုတ္ထမဏ္ဍိုင်ကို လွတ်လပ်ပြီး အားကောင်းအောင် လုပ်ပေးဖို့ လိုအပ်

သတင်းစာဆရာ ဦးသီဟစောက စတုတ္ထမဏ္ဍိုင်ကို လွတ်လပ်ပြီး အားကောင်းအောင် လုပ်ပေးဖို့ လိုအပ်တယ်လို့ နေပြည်တော်၊ ပြန်ကြားရေး ဝန်ကြီးဌာနမှာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ပြုလုပ်တဲ့ ဒုတိယအကြိမ် မဏ္ဍိုင် လေးရပ် အလုပ်ရုံ ဆွေးနွေးပွဲမှာ ပြောဆိုခဲ့ပါတယ်။

မဏ္ဍိုင် လေးရပ်မှာ စတုတ္ထမဏ္ဍိုင်လို့ခေါ်တဲ့ သတင်းသမားတွေက လွတ်လပ်ကာ အမှီအခို ကင်းပြီး အားကောင်းတဲ့ မီဒီယာ ဖြစ်လာအောင် လုပ်ပေးဖို့ လိုအပ်တဲ့အပြင် ဒီအချက်ကို အစိုးရ မဏ္ဍိုင် သုံးရပ်ကလည်း အသိအမှတ်ပြုပေးဖို့ လိုအပ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် သတင်းအချက်အလက်နဲ့ ပတ်သက်လို့ ရေးသားဖော်ပြမှုတွေမှာ အစိုးရ မဏ္ဍိုင် သုံးရပ်နဲ့ ဆက်ဆံရေးလည်း အဆင်ပြေစေချင်တယ်လို့ သတင်းစာဆရာ ဦးသီဟစောက ပြောဆိုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)