Vision Fund Myanmar က အထည္ခ်ဳပ္အလုပ္သမားေတြကို ေခ်းေငြထုတ္ေပး (႐ုပ္/သံ)

0
948

လူမႈဘဝ ဖြံၿဖိဳးတိုးတက္ေစဖို႔အတြက္ အထည္ခ်ဳပ္အလုပ္သမားေတြကို Vision Fund Myanmar က ေခ်းေငြထုတ္ေပးေနပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ တင္ေမာင္ေထြးက ေပးပို႔ထားပါတယ္။

အေသးစား ေငြေရးေၾကးေရး ကုမၸဏီျဖစ္တဲ့ Vision Fund Myanmar က အသက္ေမြးဝမ္းေက်ာင္းနဲ႔ စားနပ္ရိကၡာဖူလံုေရး ရန္ပံုေငြ (LIFT) အစီအစဥ္နဲ႔ အထည္ခ်ဳပ္စက္႐ံုေတြက အလုပ္သမားေတြကို ေဖေဖၚဝါရီလက စၿပီး ေခ်းေငြထုတ္ေပးေနတာပါ။

ေဖေဖၚဝါရီလ ၂၁ ရက္ေန႔မွာ အလုပ္သမား ၁၉၃ ဦးကို က်ပ္သိန္း ၄၆၀ ေက်ာ္ ထုတ္ေခ်းေပးေနတာ ျဖစ္ပါတယ္။

Soundbite ဦးေဇာ္ဝင္းလိႈင္ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ေရးမန္ေနဂ်ာ Vision Fund Myanmar

Vision Fund Myanmar ရဲ႕ စီမံကိန္းကာလ ၆ လ သတ္မွတ္ထားတဲ့အတြက္ အခုေခ်းယူသူေတြအေနနဲ႔ ေခ်းေငြကို ၆လအတြင္း ျပန္ဆပ္ရမွာ ျဖစ္ပါတယ္။ ေငြေခ်းသူ အထည္ခ်ဳပ္အလုပ္သမားေတြကို Vision Fund Myanmar က အလုပ္သမားေတြရဲ႕ လစာအေပၚ မူတည္ၿပီး တစ္ဦးကို အမ်ားဆံုး က်ပ္ ၅ သိန္းအထိ ထုတ္ေခ်းထားၿပီး အတိုးႏႈန္း ၂ ဒသမ ၅ ရာခိုင္ႏႈန္း သတ္မွတ္ထားတာျဖစ္ပါတယ္။

Soundbite ဦးေဇာ္ဝင္းလိႈင္ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ေရးမန္ေနဂ်ာ Vision Fund Myanmar

Vision Fund Myanmar က လိႈင္သာယာစက္မႈဇုန္ထဲက အထည္ခ်ဳပ္စက္ရုံ ၃ ရုံနဲ႔ ေတာင္ဒဂုံစက္မႈဇုန္ထဲက အထည္ခ်ဳပ္စက္ရုံ ၁ ရုံက အလုပ္သမား ၁,၇၀၀ ကို ေျခာက္လအတြင္း က်ပ္သိန္း ေလးေထာင္ေက်ာ္ ထုတ္ေခ်းသြားမွာျဖစ္ပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လူမှုဘဝ ဖွံဖြိုးတိုးတက်စေဖို့အတွက် အထည်ချုပ်အလုပ်သမားတွေကို Vision Fund Myanmar က ချေးငွေထုတ်ပေးနေပါတယ်။ ဒီသတင်းကို MCN သတင်းထောက် တင်မောင်ထွေးက ပေးပို့ထားပါတယ်။

အသေးစား ငွေရေးကြေးရေး ကုမ္ပဏီဖြစ်တဲ့ Vision Fund Myanmar က အသက်မွေးဝမ်းကျောင်းနဲ့ စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေ (LIFT) အစီအစဉ်နဲ့ အထည်ချုပ်စက်ရုံတွေက အလုပ်သမားတွေကို ဖေဖေါ်ဝါရီလက စပြီး ချေးငွေထုတ်ပေးနေတာပါ။

ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့မှာ အလုပ်သမား ၁၉၃ ဦးကို ကျပ်သိန်း ၄၆၀ ကျော် ထုတ်ချေးပေးနေတာ ဖြစ်ပါတယ်။

Soundbite ဦးဇော်ဝင်းလှိုင် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးမန်နေဂျာ Vision Fund Myanmar

Vision Fund Myanmar ရဲ့ စီမံကိန်းကာလ ၆ လ သတ်မှတ်ထားတဲ့အတွက် အခုချေးယူသူတွေအနေနဲ့ ချေးငွေကို ၆လအတွင်း ပြန်ဆပ်ရမှာ ဖြစ်ပါတယ်။ ငွေချေးသူ အထည်ချုပ်အလုပ်သမားတွေကို Vision Fund Myanmar က အလုပ်သမားတွေရဲ့ လစာအပေါ် မူတည်ပြီး တစ်ဦးကို အများဆုံး ကျပ် ၅ သိန်းအထိ ထုတ်ချေးထားပြီး အတိုးနှုန်း ၂ ဒသမ ၅ ရာခိုင်နှုန်း သတ်မှတ်ထားတာဖြစ်ပါတယ်။

Soundbite ဦးဇော်ဝင်းလှိုင် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးမန်နေဂျာ Vision Fund Myanmar

Vision Fund Myanmar က လှိုင်သာယာစက်မှုဇုန်ထဲက အထည်ချုပ်စက်ရုံ ၃ ရုံနဲ့ တောင်ဒဂုံစက်မှုဇုန်ထဲက အထည်ချုပ်စက်ရုံ ၁ ရုံက အလုပ်သမား ၁,၇၀ဝ ကို ခြောက်လအတွင်း ကျပ်သိန်း လေးထောင်ကျော် ထုတ်ချေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)