ကျိုက်ထီးရိုး စေတီတော်မှာ ကေဘယ်ကား လမ်းသစ်ဖောက်ပြီး ထပ်မံပြေးဆွဲမယ်

0
962




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကျိုက်ထီးရိုး စေတီတော်မှာ ကေဘယ်ကား လမ်းသစ်ဖောက်ပြီး ထပ်မံပြေးဆွဲသွားဖို့ရှိ

ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် နယ်မြေစိမ်းလန်းစိုပြည် ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ရဟန်းသံဃာ၊ သက်ကြီး ရွယ်အိုတွေ၊ ပြည်တွင်းပြည်ပ ခရီးသွားပြည်သူတွေ သွားလာမှုအဆင်ပြေလွယ်ကူစေဖို့ ကျိုက်ထီးရိုးစေတော်ရဲ့ တခြား တစ်ဖက်လမ်းမှာ ကေဘယ်ကား ပြေးဆွဲရေး လုပ်ငန်း စီမံကိန်းကို လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

အခု အသစ်ပြေးဆွဲမယ့် ကေဘယ်ကား တစ်စီးမှာ ခရီးသည် ၁ဝ ဦးအထိ လိုက်ပါနိုင်မှာဖြစ်ပြီး ကေဘယ်ယာဉ် အစီးရေ ၈ဝ ပြေးဆွဲသွားမှာ ဖြစ်ပါတယ်။

ဒီစီမံကိန်းကို Kyaiktiyo Great Green ကုမ္ပဏီ လီမိတက်က ပြုလုပ်သွားမှာဖြစ်ပြီး စီမံကိန်းနဲ့ ပက်သက်လို့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က မွန်ပြည်နယ် အစိုးရအဖွဲ့ကို တင်ပြထားခဲ့တာပါ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)